တိုက်ခန်း ၇လွှာ အပေါ်ဆုံးထပ်ထိကို နံရံ ခြေကန်ပီး တက်ခိုးတဲ့ သူခိုး

Local News
တိုက်ခန်း ၇လွှာ အပေါ်ဆုံးထပ်ထိကို နံရံ ခြေကန်ပီး တက်ခိုးတဲ့ သူခိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်ခန်း ၇လွှာ အပေါ်ဆုံးထပ်ထိကို နံရံ ခြေကန်ပီး တက်ခိုးတဲ့ သူခိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တိုက်ခန်း ၇လွှာ အပေါ်ဆုံးထပ်ထိကို နံရံ ခြေကန်ပီး တက်ခိုးတဲ့ သူခိုး

အခုနောက်ပိုင်းခေတ်ကာလမကောင်းတော့တာနဲ့အညီ ခိုးဆိုးလုနှိုက်တွေလည်းအလွန်ပေါများပြီး အန္တရာယ်များတဲ့ကာလကြီးတခုကိုမြန်မာပြည်သူတွေ ဖြတ်သန်းနေရတာဖြစ်ပါတယ်။ အခုလို ခိုးမှုလုယက်မှုတွေထဲမှာတော့ အခုဖော်ပြမဲ့ သူခိုးကတော့ အတော်လေး ဇွဲကောင်းတယ်ပြောရမှာဖြစ်ပါတယ် ဘာလို့ဆို သင်္ကန်းကျွန်းမြို့နယ်က တိုက်အမြင့် ၇လွှာထိကို ခြေကန်တက်ပြီး ခိုးခဲ့တာကြောင့်ဖြစ်ပါတယ်။ အခိုးခံရသူကသူ့ရဲ့ facebook acc မှာအခုလိုဝေမျှလာခဲ့တာဖြစ်ပါတယ်။

“မနေ့ မနက်က ဖုန်းတက်ခိုးသွားတဲ့ သူခိုးရဲ့ ခြေရာတွေပါ

တိုက်၂တိုက်ကြားကနေ ဟိုဘက်နင်း ဒီဘက်နင်း တက်လာပီးမှ အခန်းထဲ ဝင်လာတာပါ
(၇လွှာ အပေါ်ဆုံးထပ်ထိကို နံရံ ခြေကန်ပီး တက်လာတာပါ )
အခြားသူတွေလဲ သတိထားရအောင်လို့ပါ
(နွေက ပူ၊ မီးက ပျက်တယ် ဆိုပီး ပြတင်းပေါက်မှာ သံပန်း သံဇကာ မပါတဲ့ အခန်းတွေဆို ပြတင်းပေါက် ဖွင့်မအိပ်ကြပါနဲ့)
ပီးတော့ သူတို့ ဝင်လာတာကို လူ မသိအောင် အိပ်ငွေ့ချနည်း တခုခု သုံးတယ် လို့ ထင်တယ်

(ခေါင်းအုံးအောက်က ဖုန်းကို ရအောင် ယူသွားလို့ပါ
ဘယ်ရောက်ရောက် ဖုန်းကို ခေါင်းအုံးအောက်မှာ ထားအိပ်တက်တဲ့ အကျင့် ရှိတာ ကြာပါပီ )”

ရေးသားသူ – Thaw Zinn’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။