တောင်စောင်းတစ်ခြမ်းလုံးကို နေရာယူထားတဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်

International News
တောင်စောင်းတစ်ခြမ်းလုံးကို နေရာယူထားတဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်စောင်းတစ်ခြမ်းလုံးကို နေရာယူထားတဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်စောင်းတစ်ခြမ်းလုံးကို နေရာယူထားတဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်

စားပွဲဝိုင်း ၉၀၀ လောက် ရှိပြီး တစ်ကြိမ်ကို လူ ၅၈၀၀ လောက်အထိ စားသောက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်ကြီးကတော့ တရုတ်နိုင်ငံ ချုံကင်းမြို့မှာ တည်ရှိပါတယ်။ ပီပါယွမ်လို့ အမည်ရတဲ့ ဟော့ပေါ့ဆိုင်ဟာ မတ်စောက်တဲ့ တောင်စောင်းပေါ်မှာ တည်ဆောက်ထားတာပါ။ တောင်ခြေကားပါကင်ကနေ ဆိုင်ထဲကို ရောက်ဖို့ နာရီဝက်လောက် သွားရပါတယ်။

သွားရေးလာရေး မလွယ်ကူပေမဲ့ လတ်ဆတ်ပြီး စုံလင်တဲ့ စားစရာတွေနဲ့ သာယာလှပတဲ့ ရှုခင်းကြောင့် ပီပါယွမ်ဟော့ပေါ့ဆိုင်မှာ နေ့ရော၊ ညရော လူစည်ကားနေလေ့ ရှိပါပြီး ဝန်ထမ်းရာနဲ့ချီ ခန့်ထားရပါတယ်။ စတုရန်းမီတာ ၃၃၀၀ ကျယ်ဝန်းတဲ့ ပီပါယွမ်ဟော့ပေါ့ဆိုင်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်အဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။