ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းတွေကို မိတ်ကပ်၊ ဆေးဝါးနဲ့ ရေမွှေးအဖြစ် အသွင်ပြောင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိ

International News Tech
ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းတွေကို မိတ်ကပ်၊ ဆေးဝါးနဲ့ ရေမွှေးအဖြစ် အသွင်ပြောင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းတွေကို မိတ်ကပ်၊ ဆေးဝါးနဲ့ ရေမွှေးအဖြစ် အသွင်ပြောင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းတွေကို မိတ်ကပ်၊ ဆေးဝါးနဲ့ ရေမွှေးအဖြစ် အသွင်ပြောင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိ

ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားကို အသုံးပြုပြီး စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကို မိတ်ကပ်၊ ဆေးဝါးနဲ့ ရေမွှေးအဖြစ် အသွင်ပြောင်းနိုင်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အီဒင်ဘာ့ဂ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ E. coli ဘက်တီးရီးယားကို ပလတ်စတစ်တွေ စားသုံးစေပြီး အဒီပစ်အက်ဆစ် (adipic) ပြန်ထုတ်တာပါ။ အဒီပစ်အက်ဆစ်ဆိုတာ အလှအပ၊ ဆေးဝါးနဲ့ အမွေးနံ့သာပစ္စည်းတွေ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။
အီဒင်ဘာ့ဂ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ E. coli ဘက်တီးရီးယားတစ်မျိုးကို အသုံးပြုပြီး စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေထဲက terephthalic acid ကို muconic acid အဖြစ် စတင်ပြောင်းလဲပါတယ်။ အဲဒီနောက်မှာ E. coli ဘက်တီးရီးယား နောက်တစ်မျိုးကို အသုံးပြုပြီး အဒီပစ်အက်ဆစ်အဖြစ် အသွင်ပြောင်းလဲတာပါ။

ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း စွန့်ပစ်ပလတ်စတစ်ပစ္စည်း တန်ချိန်သန်းချီ ရှိပြီး ၈၀ ရာခိုင်နှုန်းကတော့ တစ်ခါသုံးပစ္စည်းတွေ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အဒီပစ်အက်ဆစ် ထုတ်လုပ်ဖို့ စွမ်းအင်သုံးစွဲမှု များပြားပြီး တွင်းထွက်လောင်စာတွေကို အသုံးပြုရလေ့ရှိပါတယ်။ အခုအခါမှာတော့ E. coli ဘက်တီးရီးယားကို ပလတ်စတစ် စားစေပြီး အဒီပစ်အက်ဆစ် ထုတ်လုပ်နိုင်ပြီဖြစ်လို့ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။