၁၃၈၅ခုနှစ် ဗုဒ္ဓဟူး/ ရာဟု သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် ဗုဒ္ဓဟူး/ ရာဟု သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် ဗုဒ္ဓဟူး/ ရာဟု သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် ဗုဒ္ဓဟူး/ ရာဟု သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ဗုဒ္ဓဟူး သားသမီးများ အတွက် ဖေဖော်ဝါရီ လ တစ်လစာ ဟောစာတ မ်း - Amawpyay

ယခု ၁၃၈၅ခုနှစ်တွင် ဥာဏ်ရွှင်နေလိမ့်မည်။ စကားပြောရာတွင် ဂရုတစိုက် ပြောဆိုပါ။ ကောင်းသော ခရီး၊ မြတ်သော ခရီးများ သွားရမည်။ လုပ်သမျှ အရာရာ စိတ်ပင်ပန်း ရသောအချိန်များ မကြာခဏ ကြုံရသော်လည်း အဆင်ပြေပြီး မျှော်လင့်သော ပန်းတိုင် ရောက်မည်။ ပညာရေးတွင် အခွင့်လမ်းသစ်များနှင့် နည်းပညာအပေါ် အခြေခံသော ပညာရပ်များတွင် ထူးချွန်နိုင်မည်။ ကျန်းမာရေး တစ်နှစ်ပတ်လုံး ကောင်းနေလိမ့်မည်။

မိုးတွင်းကာလ အအေးမမိစေရန် ဂရုစိုက်ရမည်။ စိတ်ပိုင်းဆိုရာ၊ အသည်း ရောဂါဝေဒနာတို့ ခံစားရတတ်မည်။ မီးယပ်၊ ဒူလာ၊ အားနည်းခြင်း စသော ရောဂါ ဝေဒနာတို့လည်း ဂရုစိုက်ရမည်။

မိခင် ကျန်းမာရေး အနည်းငယ် ချူချာတတ်သည်။ ပိုင်ဆိုင်မှုများ တိုးတက်လာမည်။ ကိုယ်ပိုင် မြေကွက်များ ဝယ်ယူရန် ကောင်းသော အချိန်ဖြစ်သည်။ အိုအိမ်၊ မြေနေရာသစ်များ ဝယ်ယူရခြင်း၊ ပိုင်ဆိုင်ရခြင်းများ ကြုံရမည်။ အတူနေ၊ အတွင်းနေသူများ၏ စိတ်ဒုက္ခ၊ လူမှုဒုက္ခ ပေးမှုကို ခံရမည်။ စီးပွားရေး လုပ်ငန်းများတွင် စွန့်စား၍ ရင်းနှီး မြှုပ်နှံမှုများ လုံးဝ မပြုလုပ်သင့်ပါ။ ပြုလုပ်ခဲ့လျှင်လည်း ဆုံးရှုံးရမည်။ အရပ်ဖက် ဝန်ထမ်းဖြစ်လျှင် ရာထူးတိုးကာ အစိုးရ ဝန်ထမ်းဖြစ်လျှင် နေရာ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရမည်။

ရေလုပ်ငန်းနှင့် ယာဉ်အမျိုးမျိုး ရောင်းဝယ် ဖောက်ကားခြင်းတို့မှ အကျိုးအမြတ် ရရှိနိုင်မည်။ အမေ့ဘက်မှ ဆွေမျိုးများ၏ အကူညီ သို့မဟုတ် စပ်တူ လုပ်ငန်းများမှ အကျိုးမြတ်များစွာ ရရှိမည်။ အင်္ဂါ၊ တနင်္ဂနွေ၊ သောကြာ သားသမီးများနှင့် အကျိုးပေးသည်။ အချစ်ရေးတွင် အညံ့ကြုံရပြီး နားလည်မှု လွဲ၍ မကြာခဏ ရန်ဖြစ်ရမည်။ အပျို၊ လူပျိုများ တရားဝင် မင်္ဂလာ ဆောင်ရလိမ့်မည်။ ခိုးယူ ပေါင်းသင်းခြင်း ကိစ္စရပ်များကို လုံးဝ မပြုလုပ်သင့်ပါ။ ဆွေမျိုးများ၏ ကြားဝင်စွတ်ဖက်မှုကြောင့် မပြေပြစ်သော အိမ်ထောင်ရေးကို ကြုံတွေ့ရမည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ မိနစ်၃၆ အချိန် အိမ်ဘုရားတွင် အုန်းနို့ ကျောက်ကျော ၆တုံး ဒါမှမဟုတ် အုန်းသီး ပေါင်မုန့် ၆ခု ကြိုက်ရာတစ်မျိုး ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

ဗုဒ္ဓဟူး မွန်းလွဲ မွေးသော ရာဟု သားသမီးများ အတွက် ယတြာ – မွေးနေ့ မနက် ၉နာရီ ၄၅မိနစ် အချိန် အိမ်ဘုရားတွင် အုန်းထမင်း ၆ပန်းကန် ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

ထမင်းရှင်၊ မိတ်ဆွေများ အားလုံး ကျေးဇူးတင်ပါတယ်

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။