Donnie Yen ရဲ့ ငါးကားမြောက် Ip Man ရုပ်ရှင်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အတည်ပြုမိတ်ဆက်လာ

Celebrity International News
Donnie Yen ရဲ့ ငါးကားမြောက် Ip Man ရုပ်ရှင်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အတည်ပြုမိတ်ဆက်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Donnie Yen ရဲ့ ငါးကားမြောက် Ip Man ရုပ်ရှင်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အတည်ပြုမိတ်ဆက်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Donnie Yen ရဲ့ ငါးကားမြောက် Ip Man ရုပ်ရှင်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အတည်ပြုမိတ်ဆက်လာ

ဟောင်ကောင်အက်ရှင်သရုပ်ဆောင် Donnie Yen ရဲ့ ရဲ့မန် ခေါ် Ip Man ဇာတ်ကောင်ဟာ ကိုယ်ခံပညာဆိုင်ရ အက်ရှင်ကားတွေကိုကြိုက်တဲ့ပရိသတ်တွေကြားမှာ ပိုမိုရေပန်းစားခဲ့ပါတယ်။

၂၀၁၉ က ထွက်ခဲ့တဲ့ Ip Man 4: The Finale ဟာ Ip Man ကို နောက်ဆုံးမြင်ရတဲ့ ဇာတ်သိမ်းရုပ်ရှင်လို့ထင်နေရင်တော့ ပရိသတ်တွေမှားသွားပါလိမ့်မယ်။

မေ ၁၇ က စတင်ကျင်းပခဲ့တဲ့ ၂၀၂၃ ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ မေ ၁၈ မှာတော့ ငါးကားမြောက် Ip Man ရုပ်ရှင် Ip Man 5 ကို မိတ်ဆက်ပြသလာပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Ip Man 5 ရဲ့ တရားဝင် first look ပိုစတာတစ်ပုံကိုပြသလာတာဖြစ်ပြီး Donnie Yen ရဲ့ ၂၀၀၇ ရုပ်ရှင် Flash Point ရဲ့ sequel ရုပ်ရှင် Flash Point Resurgence အပြင် နောက်ထပ်ရုပ်ရှင်သစ် Misjudgment ကိုလည်း အတည်ပြုလာခဲ့ပါသေးတယ်။

Ip Man ရုပ်ရှင်တွေအကုန်လုံးနဲ့ Flash Point ကို ဒါရိုက်တာ Wilson Yip က ရိုက်ကူးပေးခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်သစ်သုံးကားရဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။

Donnie Yen ရဲ့ Ip Man ရုပ်ရှင်တွေဟာ တရုတ်ကိုယ်ခံပညာရပ်တစ်ခုဖြစ်တဲ့ Wing Chun ပညာရှင် Ip Man အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Ip Man (2008), Ip Man 2 (2010), Ip Man 3 (2015) နဲ့ Ip Man 4: The Finale (2019) အပြင် Master Z: Ip Man Legacy (2018) ဆိုတဲ့ spin-off တစ်ကားပါထွက်ရှိထားပါတယ်။

Donnie Yen ဟာ Lionsgate ရဲ့ John Wick: Chapter 4 မှာလည်း ပါဝင်ထားပါသေးတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။