ဟိုတယ် ၅ လွှာကနေ ပြုတ်ကျပေမဲ့ စင်ကာပူအမျိုးသား အသက်ဘေးမှ လွတ်မြောက်

International News
ဟိုတယ် ၅ လွှာကနေ ပြုတ်ကျပေမဲ့ စင်ကာပူအမျိုးသား အသက်ဘေးမှ လွတ်မြောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟိုတယ် ၅ လွှာကနေ ပြုတ်ကျပေမဲ့ စင်ကာပူအမျိုးသား အသက်ဘေးမှ လွတ်မြောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟိုတယ် ၅ လွှာကနေ ပြုတ်ကျပေမဲ့ စင်ကာပူအမျိုးသား အသက်ဘေးမှ လွတ်မြောက်

စင်ကာပူနိုင်ငံသားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ဟိုတယ်ရဲ့ ၅ လွှာ အမြင့်ကနေ ပြုတ်ကျခဲ့ပေမဲ့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဘရိုင်ယန်လို့ အမည်ရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားဟာ သြဂုတ်လ ၂၆ ရက်က ခရာဘိခရိုင်မှာရှိတဲ့ Krabi Seabass ဟိုတယ်မှာ မိတ်ဆွေတစ်ဦးနဲ့အတူ လာရောက်တည်းခိုခဲ့တာဖြစ်ပြီး တစ်နာရီအကြာမှာပဲ ဟိုတယ်ပေါ်ကနေ ပြုတ်ကျခဲ့တာပါ။

ဘရိုင်ယန်ဟာ ဟိုတယ် ၅ လွှာကနေ ပြုတ်ကျချိန်မှာ ပလတ်စတစ်ခေါင်မိုးပေါ်ကို တစ်ဆင့်ကျပြီးမှ အောက်ဘက်ကို ပြုတ်ကျခဲ့တာဖြစ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ ပြုတ်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ ဘရိုင်ယန်ဟာ စိတ်ကျန်းမာရေးပြဿနာရှိပြီး ခရာဘိဆေးရုံမှာ ကုသမှု ခံယူခဲ့ရဖူးတယ်လို့ သူ့ရဲ့မိတ်ဆွေဖြစ်သူ ဟိုဆီပင်က ထွက်ဆိုခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။