အိမ်တချို့ရဲ့အဝင်အဝမှာကြည့်မှန်တွေထားရတဲ့အကြောင်းရင်းမှန်

Astrology
အိမ်တချို့ရဲ့အဝင်အဝမှာကြည့်မှန်တွေထားရတဲ့အကြောင်းရင်းမှန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်တချို့ရဲ့အဝင်အဝမှာကြည့်မှန်တွေထားရတဲ့အကြောင်းရင်းမှန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်တချို့ရဲ့အဝင်အဝမှာကြည့်မှန်တွေထားရတဲ့အကြောင်းရင်းမှန်

Simple Decorating Trick — the thankful home blog

အိမ်တချို့ရဲ့အဝင်ပေါက်မှာဖြစ်ဖြစ် ၊ ပြတင်းပေါက် ၊ တံခါးတွေနားမှာဖြစ်ဖြစ် ကြည့်မှန်တစ်ချပ်ကို ချိတ်ဆွဲထားတာကို တွေ့ဖူးကြမှာပါ ။ဒါဟာ အိမ်ရဲ့ချို့ယွင်းချက်ကို ပြုပြင်ဖို့ ဆန်းဗေဒင်သဘောအရ ယတြာချေခြင်း တစ်မျိုးပါ ။ ဘာလို့ ချိတ်ဆွဲထားသလဲဆိုတာကတော့ နေထိုင်တဲ့ အိမ်ကအရမ်းကျဉ်းပြီး ခေါင်းရင်းအိမ် ဒါမှမဟုတ် ခြေရင်းအိမ်က အရမ်းမြင့်နေတယ်ဆိုရင် ဆန်းဗေဒင်ပညာအရ ထိုအိမ်က အညံ့အခိုက်တွေ ရှိတတ်ပါတယ် ။

မိမိရဲ့သားသမီးလက်အောက်ငယ်သားတွေ ကျန်းမာရေး ၊ စီးပွားရေးညံ့ဖျင်းတတ်ပါတယ် ။ မျက်နှာချင်းဆိုင်အိမ်က အရမ်းမြင့်ပြီး ခေါင်မိုးအချွန်ကကိုယ်နေတဲ့ အိမ်နဲ့တည့်တည့်ကျရင်လည်း အိမ်မှာကံညံ့တတ်ပါတယ် ။မြန်မာတို့ရဲ့ ဆန်းဗေဒင်ကျမ်းတွေမှာရော တရုတ်ပြည်ရဲ့ဖုန်းရွှေပညာမှာပါ အခိုင်အမာဖော်ပြထားပါတယ် ။

ဒီလိုဖြစ်နေတဲ့ အိမ်အများစုဟာ နေအိမ်ရဲ့မျက်နှာချင်းဆိုင် ဒါမှမဟုတ် ခြေရင်း ခေါင်းရင်းမှာ စက်ရုံ ၊ အလုပ်ရုံ ၊နေအိမ်ထက် ပိုမြင့်တဲ့ တိုက် ၊ နေအိမ် တစ်ခုခု ရှိ နေပါက သင့်အိမ်ရဲ့ ပြတင်းပေါက်မှာ အလင်းကောင်းမွန်စွာ ပြန်နိုင်တဲ့မှန်တစ်ချပ်ကို တပ်ထားလိုက်မယ်ဆိုရင် အိမ်မှာအဆိုးအညံ့တွေ ပြယ်ပြီး လုပ်ကိုင်သမျှ အကြံအစည်တွေ အောင်မြင်စေပါတယ် ။

ဈေးဆိုင် ၊ စားသောက်ဆိုင် တည်ထားတဲ့ အိမ်တွေဆိုရင် ဆိုင်ရဲ့အရှေ့အရပ်ကိုမူပြီးတော့ မှန်တစ်ချပ်ကို ချိတ်ဆွဲထားသင့်ပါတယ် ။ ထိုသို့ ချိတ်ဆွဲထားခြင်းဖြင့် ဝင်ငွေနှစ်ဆတိုးတက်ပြီး အရောင်းအဝယ် ကောင်းမွန်စေတာကြောင့် ယုံကြည်သူအများအပြားက အိမ်ရဲ့အဝင်ပေါက်မှာ ချိတ်ဆွဲထားရတာ ဖြစ်ပါတယ် ။ ချိတ်ထားတဲ့ မှန်ကို မကွဲဖို့ ၊ သန့်စင်နေစေဖို့နဲ့ အလင်းကောင်းစွာ ပြန်နိုင်ဖို့ကိုတော့ သတိပြုပါ ။ အိမ်ရဲ့အရှေ့ဘက် ၊ခြေရင်းအိမ် ၊ ခေါင်းရင်းအိမ် ၊ မျက်နှာချင်းဆိုင်အိမ်တွေကို လှည့်ထားဖို့ကို ဂရုပြုပါ ။

ရေးသားသူ – Credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။