ကြာသပတေးဓာတ် အားမကောင်းရင်

Astrology
ကြာသပတေးဓာတ် အားမကောင်းရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာသပတေးဓာတ် အားမကောင်းရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြာသပတေးဓာတ် အားမကောင်းရင်

လူတယောက်ရဲ့
– အသိဉာဏ် အတွေးအခေါ်
– ကိုယ်ကျင့်တရား၊
– ဂုဏ္သိကၡာ
ေတြ ထိခိုက္သလို၊
– အရိုအသေကင်းမဲ့ စော်ကားခံရခြင်း၊
– မိမိကို အနိုင်ကျင့် လွှမ်းမိုးခြင်း၊
– အိမ်ထောင်ရေး ပြဿနာ ပေါ်ခြင်း၊
– ဘဝတည်ငြိမ်မှု ပျက်ပြားခြင်း၊တွေ ဖြစ်တတ်ပါတယ်။
ကျောင်းသား ကလေးငယ်တွေ အတွက်တော့- ပညာရေး ကိစ္စပေါ့။လူလတ်ပိုင်း- အပျိုပေါက် လူပျိုပေါကတွေ အတွက်တော့-
– အချစ်ရေး အိမ်ထောင်ရေးပေါ့။
အိမ်ထောင်ရေး နောက်ကျတာ-
အချစ်ရေး အဆင်မပြေတာလည်း
ကြာသပတေး ထိခိုက်တဲ့ လက္ခဏာ တချို့ပါပဲ။

အိန္ဒိယ – ပညာခန်းမှာ- ကြာသပတေး အတွက် နနွင်းကို စီရင်ကြပါတယ်။
အထူးသဖြင့်- ကြာသပတေးဂြိုဟ်ကို နနွင်းက ကိုယ်စားပြုတာမို့
နနွင်း နဲ့ စီရင်ကြပါတယ်။

ဖုသျှ နက္ခတ် ဟာ ကြာသပတေး နေ့နဲ့ တိုက်ဆိုင်ယင်- နနွင်းယတြာ အတွက် အကောင်းဆုံးလို့ ဆိုပါတယ်။အဲဒီရက်အထိ ရောက်အောင် မစောင့်နိုင်ယင်တော့- နနွင်း ယတြာကို- ကြာသပတေး နေ့မှာ စီရင်ရပါတယ်။ကြာသပတေးနေ့ နံနက်စောစောမှာ
– နနွင်းကို ရေနဲ့ ဖျော်ပြီး- နဖူးပြင်က- တတိယ မျက်လုံးနေရာ..आज्ञा အာဉာ ချက္ကရ နေရာမှာ သုံးလိမ်းရပါမယ်။ တတိယမျက်လုံးကို- အင်္ဂလိပ်လို-
Ajna chakra ဖြစ်စေ- Agya chakra ရေးကြတဲ့ အခါ…
ဒေဝနာဂရီ မဖတ်တတ်သူများ အနေနဲ့- အဇန ချက္ကရ၊ အဂယျ ချက္ကရ စသဖြင့် ရေးတတ်ကြပါတယ်။

အသံထွက်အမှန်က- आज्ञा အာဉာ ချက္ကရ ဖြစ်ပါတယ်။ (ဉ = ည-လေးပါ)
အဲလို သုတ်လိမ်းထားပြီး ခဏနေတဲ့ အခါ-
မိမိစိတ်ဟာ တည်ငြိမ် အေးချမ်းလာတာကို ခံစားရပါလိမ့်မယ်။
ၾကာသပေတး ရဲ႕ သေဘာပါ။
ဘုရားရှိခိုးပါ။ မိမိ ယုံကြည်ရာ- ဂါထာများ ရွတ်ဆိုပါ။
ကြာသပတေး မန္တာန် ရွတ်တတ်သူများလည်း ရွတ်နိုင်ပါတယ်။မရွတ်လည်း ကိစ္စမရှိပါဘူး။

ရေချိုးမယ့် ရေထဲကိုနနွင်း အနည်းငယ်ထည့်ပြီး ချိုးပစ်လိုက်ပါ။မိမိအိမ်မှာNegative Energy ရှိမယ် ထင်တဲ့ နေရာ။မကောင်းဆိုးရွား ရှိမယ် ထင်ယင်- နနွင်း ကို ရေထဲထည့်ပြီး ဖြန်းလိုက်ပါ။မကောင်းမှုတွေ အားလုံးကို- ရှင်းပါလိမ့်မယ်။
ကြာသပတေး ဟာ အပြစ်တသန်း ချေပေးတယ် ဆိုတာ- ဒီသဘောပါပဲ။
အချို့ကတော့- ဥုံ ကို- နနွင်းနဲ့ တံခါးဝမှာ ရေးပါတယ်။
နနွင်း ဟာ တ-ထ-ဒ-ဓ-န အနေနဲ့ စနေဂြိုဟ် လို့-
ယူဆခံယူယင်တော့- အထက်ပါ ယတြာ မလုပ်သင့်ပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။