ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်တော့မယ်ဆိုရင်

Health Knowledge
ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်တော့မယ်ဆိုရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်တော့မယ်ဆိုရင်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်တော့မယ်ဆိုရင်

မိန်းကလေးတစ်ယောက် ကြည့်လို့ကောင်းဖို့ဆိုရင် ခေါင်းအစခြေအဆုံး အရာရာကို စဉ်းစားရပါတယ်။ ရုပ်မလှရင်လည်းနေပါ၊ စတိုင်ကျကျနေမယ်၊ ကြည့်ကောင်းအောင်နေမယ်ဆိုရင် အဲဒီမိန်းကလေးက သူ့အလိုလိုလှသွားတာပါပဲ။ မိမိရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ဝတ်စုံ၊ အိတ်တွေကို ဝတ်ဆင်မယ်ဆိုရင် မိန်းကလေးတစ်ယောက်က ပြီးပြည့်စုံပြီး ကြည့်ကောင်းနေမှာပါ။

မိမိရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့တော့လိုပါတယ်။ ဒါကြောင့် ဘယ်လိုမျိုးခန္ဓာကိုယ် အချိုးအစားနဲ့ ဘယ်လိုအိတ်မျိုးက လိုက်ဖက်လဲဆိုတာကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့အတွက် ဒီဆောင်းပါးကနေ ပြောပြပေးလိုက်ရပါတယ်။

မိမိရဲ့ခန္ဓာကိုယ်အချိုးအစားကို အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ သင့်ပုခုံးထက် တင်က ပိုကြီးနေမယ်ဆိုရင် သင်က တြိဂံဇောက်ထိုးပုံစံ (သို့) မုန်လာဥနီပုံစံခန္ဓာကိုယ်မျိုး ရှိပါတယ်။ သင့် ခါးနဲ့ ပုခုံးတွေက တင်ထက်သေးသွယ်နေမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားက သစ်တော်သီးပုံစံဖြစ်ပါတယ်။ သင့်ပုခုံး၊ ခါး နဲ့ တင်တွေက တစ်သားတည်းဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်က လေးထောင့်ပုံစံဖြစ်ပါတယ်။

သင့်ခါးက ပုခုံးနဲ့ တင်ထက်ပိုပြီး ကြီးနေတယ်ဆိုရင် သင်က ပန်းသီးပုံစံခန္ဓာကိုယ် အချိုးအစားရှိပါတယ်။ သင့်ပုခုံးနဲ့ တင်က သေးသွယ်တဲ့ခါးနဲ့ ဟန်ချက်ညီတယ်ဆိုရင် သင့်ခန္ဓာကိုယ်က သဲနာရီပုံစံဖြစ်ပါတယ်။ခန္ဓာကိုယ်အချိုးအစားပုံစံတွေ ပြောပြီးသွားပြီဆိုတော့ သင့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှုရှိတဲ့ အိတ်ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ဆက်ဖတ်ရှုကြည့်လိုက်ရအောင်..။

တြိဂံဇောက်ထိုး (သို့) မုန်လာဦနီပုံစံခန္ဓာကိုယ်ဆိုရင်

သင့်ခန္ဓာကိုယ်နဲ့ လက်ကိုင်အိတ် ကြည့်ကောင်းနေဖို့အတွက် သင့်ခါးတစ်ဝိုက်ကို အာရုံစိုက်ထားပါ။ နောက်တစ်ချက်က လက်ကိုင်အိတ်ကြိုး အပြားအရွယ်အစားကို စဉ်းစားဖို့လိုပါတယ်။ လက်ကိုင်ကြိုးကြီးတဲ့ အရမ်းသေးတဲ့၊ အရမ်းကြီးလွန်းတဲ့ လွယ်အိတ်တွေကိုတော့ မလွယ်သင့်ပါဘူး။ ဘေးလွယ်အိတ်၊ ခါးသိုင်းအိတ်၊ လက်ကိုင်ကြိုးရှည်တဲ့ လက်ကိုင်အိတ်တွေကို ကိုင်ကြည့်သင့်ပါတယ်။

လေးထောင့်ပုံစံခန္ဓာကိုယ်အချိုးအစားဆိုရင်

လေးထောင့်ပုံစံခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ အိတ်ရွေးချယ်ဖို့ဆိုရင် လက်ကိုင်ကြိုးအရှည်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ ဒါမှ အိတ်က သင့်တင်နားတစ်ဝိုက်ရောက်မှာဖြစ်ပါတယ်။ သားရေသားအိတ်၊ အရွယ်အစားကြီးတဲ့ လက်ကိုင်အိတ်တို့ကို ရွေးချယ်သင့်ပါတယ်။

သစ်တော်သီးပုံစံခန္ဓာကိုယ်အချိုးအစားဆိုရင်

သစ်တော်သီးပုံစံက တင်ကြီးတဲ့အတွက် ပခုံးနဲ့ ခါးတစ်ဝိုက်ကို အလေးထားပြီး အိတ်ကို ရွေးချယ်ရမှာပါ။ လက်ကိုင်ကြိုးအရှည်နဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ သင့်လက်ကိုင်အိတ်က ခါးအောက်မရောက်သင့်ပါဘူး။ ဒါကြောင့် လွယ်တဲ့အိတ်၊ လက်ဆွဲအိတ်တွေကို ရွေးချယ်လို့ရပါတယ်။

ပန်းသီးပုံစံခန္ဓာကိုယ်အချိုးအစားဆိုရင်

သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ အိတ်ကို ကိုင်ဖို့ဆိုရင် သင် ရွေးချယ်တဲ့ အိတ်ရဲ့ အရွယ်အစားနဲ့ ဒီဇိုင်းတွေက ကွဲပြားခြားနားသွားစေပါလိမ့််မယ်။ လက်ကိုင်ကြိုးတိုတဲ့အိတ်၊ သေးတဲ့အိတ်၊ ပုံကျပန်းမကျအိတ်တွေကို စိတ်ကူးထဲမထည့်မိပါစေနဲ့။ လက်ကိုင်ကြိုးရှည်တဲ့အိတ်၊ သားရေသားပုံစံအိတ်သားမာတဲ့အိတ်တွေကို ရွေးချယ်သင့်ပါတယ်။

သဲနာရီပုံစံခန္ဓာကိုယ်အချိုးအစားဆိုရင်

ဒီခန္ဓာကိုယ်အချိုးအစားကတော့ ဘယ်လိုမျိုးအိတ်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်နေမဲ့ အိတ်တွေကိုတော့ မရွေးချယ်သင့်ပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။