ဆယ်ဖီရိုက်ရင်း လွတ်ကျသွားတဲ့ဖုန်း ပြန်ရအောင် ဆည်ထဲက ရေလီတာ ၂ သန်း စုပ်ထုတ်ခဲ့တဲ့ အိန္ဒိယအရာရှိ တာဝန်မှ ဆိုင်းငံ့ခံရ

International News
ဆယ်ဖီရိုက်ရင်း လွတ်ကျသွားတဲ့ဖုန်း ပြန်ရအောင် ဆည်ထဲက ရေလီတာ ၂ သန်း စုပ်ထုတ်ခဲ့တဲ့ အိန္ဒိယအရာရှိ တာဝန်မှ ဆိုင်းငံ့ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆယ်ဖီရိုက်ရင်း လွတ်ကျသွားတဲ့ဖုန်း ပြန်ရအောင် ဆည်ထဲက ရေလီတာ ၂ သန်း စုပ်ထုတ်ခဲ့တဲ့ အိန္ဒိယအရာရှိ တာဝန်မှ ဆိုင်းငံ့ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆယ်ဖီရိုက်ရင်း လွတ်ကျသွားတဲ့ဖုန်း ပြန်ရအောင် ဆည်ထဲက ရေလီတာ ၂ သန်း စုပ်ထုတ်ခဲ့တဲ့ အိန္ဒိယအရာရှိ တာဝန်မှ ဆိုင်းငံ့ခံရ

ဆယ်ဖီ ရိုက်နေရင်း လွတ်ကျသွားတဲ့ ဖုန်း ပြန်ရဖို့ ဆည်ထဲက ရေလီတာ ၂ သန်းကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပစ်ခဲ့တဲ့ အိန္ဒိယအရာရှိဟာ တာဝန်မှ ဆိုင်းငံ့ခံခဲ့ရပါတယ်။ အစားအသောက် စစ်ဆေးရေးအရာရှိ ဗီဆွာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မိတ်ဆွေတစ်ဦးနဲ့အတူ လျှောက်လည်ရင်း ချက်တီစဂါပြည်နယ်က ရှုခင်းသာယာတဲ့ ပါရာကော့ဆည်မှာ ဆယ်ဖီ ရိုက်နေရင်း သူ့ရဲ့ ဆမ်ဆောင်းဖုန်းက ဆည်ထဲ လွတ်ကျသွားခဲ့တာပါ။

ဗီဆွာဟာ သူ့ဖုန်းကို ပြန်ကောက်ပေးဖို့ အနီးပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းခဲ့ပေမဲ့ သူတို့ကလည်း ဆည်ထဲမှာ ရေများလွန်းလို့ ရေမငုပ်ရဲကြပါဘူး။ အဲဒီနောက်မှာ သူက ရေစုပ်စက်တစ်လုံးငှားပြီး ၄ ရက်အတွင်း ဆည်ထဲက ရေလီတာ ၂ သန်းကို စုပ်ထုတ်ပစ်ခဲ့တာပါ။ သူဟာ ဆည်ထဲက ရေတွေကို စုပ်ထုတ်ဖို့ ခရိုင်အရာရှိထံမှာ ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး အပူချိန် မြင့်မားနေတဲ့ကာလမှာ ဆည်ထဲက ရေတွေကို အလဟသ ဖြုန်းတီးမှုနဲ့ သူ့အထက် အရာရှိတွေက ဗီဆွာကို ရာထူးကနေ ဆိုင်းငံ့လိုက်တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။