မင်းသားချောဒေါင်းပေးတဲ့ ချစ်စရာကောင်းတဲ့လက်ဆောင်လေးကို သဘောကျမဆုံးဖြစ်နေရကြောင်းပြောပြလာတဲ့ ချစ်သုဝေ

Celebrity Local News
မင်းသားချောဒေါင်းပေးတဲ့ ချစ်စရာကောင်းတဲ့လက်ဆောင်လေးကို သဘောကျမဆုံးဖြစ်နေရကြောင်းပြောပြလာတဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ… အဆိုတော် သရုပ်ဆောင်မလေး ချစ်သုဝေကတော့ အနု ပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘယ်လို အသက်အရွယ်မျိုးပဲရောက်ရောက် အရမ်းချစ်စရာကောင်းတဲ့ အသွင်အပြင်လေးနဲ့ အမြဲတမ်းသွက်လက်နေတဲ့ ချစ်သုဝေဟာ ကလေးနှစ်ယောက်မေမေဖြစ်သွား သည့်တိုင်အောင် ပရိ သတ်ချစ်ခင်မှုကို တခဲနက်ရရှိနေ ဆဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဒေါင်းက သူမနဲ့ ရင်ဘတ်ချင်းနီးတဲ့ မောင်ငယ်လေးဖြစ်တဲ့ သရုပ်ဆောင် ဒေါင်းဆီကနေ ဒေါင်းရဲ့ပုံစံတူအရုပ်လေးကို လက်ဆောင်ရရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ချစ်သုဝေက အရုပ်လေးကို လက်ဆောင်ရ ရချင်း ဒေါင်းကို ကျေးဇူးတင်ကြောင်းပြောရင်း အမျိုးသမီးထုကြီးရဲ့အသည်းကို လည်း မခွဲဖို့ မှာလိုက် တယ် ဆိုပြီး အရွှန်းဖောက်လာခဲ့ပါတယ်။

ချစ်သုဝေနဲ့ ဒေါင်းကတော့ ယခင်က အနုပညာအလုပ် တွေကို အတူတူ မလုပ်ခဲ့ပေမယ့် တော်လှန်ရေး ဇာတ်ကားတွေ ရိုက်ကူးတော့မှ မောင်နှမလို ခင်မင်ခဲ့ကြ တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒေါင်းရဲ့ပုံစံတူ အရုပ် လေးကို လိုချင်မိကြမယ်လို့ထင်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။