June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၂)

Astrology
June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၂)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၂) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၂)
Sagittarius

 

June ရဲ့ကံအကောင်းဆုံးရာသီခွင်တွေထဲမှာ Sagittarius ပါဝင်နေတာ အသေအချာပါပဲ ။ အထူးသဖြင့် ပထမနှစ်ပတ်အတွင်းမှာပိုပြီး Strong ဖြစ်တယ် ။ အားအင်အပြည့်နဲ့ Run မယ့်လမို့ စိတ်မြန်လက်မြန်ဖြစ်နေမယ် ။ နယ်ပယ်ပေါင်းစုံမှာ တံခါးအသစ်တွေပွင့်လာမယ် ။ တစ်ခုစမ်းသပ်လိုက် အလုပ်မဖြစ်ရင်ခနချင်း Move On သွားလိုက်နဲ့ အပြောင်းအလဲမြန်တဲ့ပုံစံတော့ ဖြစ်နေလိမ့်မယ် ။ စိတ်နှစ်ခွဖြစ်နေတာမဟုတ်ပါဘူး ၊ ယုံကြည်ချက်ပြည့်နေတာပါ ။

ဒီတလောအတွင်း Career ပိုင်း လုပ်ငန်းပိုင်းအရ အခွင့်အလမ်းအသစ်တွေ မျှော်လင့်ထားနိုင်မယ် ။ အကြီးအကဲ အထက်လူကြီးနဲ့ပတ်သက်လို့ နာမည်ကောင်းရတာ ၊ အကျိုးစီးပွားတက်တာမျိုးမြင်မိတယ် ။ ကျန်းမာရေး ကံကောင်းနေပါတယ် ။ လလည်ပိုင်းမှာတော့ အနည်းငယ်ခြူခြာတာ Burnt Out သဘောမျိုးဖြစ်လာတတ်ပေမယ့် အခုထဲကသေချာလေး Care လုပ်သွားရင် စိုးရိမ်ဖို့မလိုပါဘူး ။

နောက်ထပ် ဘာမျှော်လင့်ထားနိုင်မလဲဆိုရင် နှလုံးသားရေးနဲ့ပတ်သက်လို့ ကံကောင်းခြင်းတွေ ရောက်လာဦးမယ် ။ Single တစ်ယောက်အနေနဲ့ အသိုင်းအဝိုင်းအသစ်တွေ ၊ စိတ်လှုပ်ရှားမှုအသစ်တွေ စိတ်ကူးယဥ်ထားလို့ရတယ် ။ Relationship ရှိသူတွေအတွက်လည်း လက်ရှိချစ်သူအိမ်ထောင်ဖက်နဲ့ အခုထက်ပိုပြီး Chemistry ကောင်းလာဦးမယ် ။ ခရီးအတူသွားသင့်တဲ့ကာလပါ ။ ကိုယ့်တန်ဖိုးသူသိလာတာ ၊ သူ့တန်ဖိုးကိုယ်သိလာတာမျိုးမို့ အားရဖို့ကောင်းပါတယ် ။

June အတွင်း ကြန့်ကြာနေတာလေးတွေ သူ့အလိုလိုပြေလည်လာမယ် ။ အများကြီး Rush မယ့်ကာလမို့ စိန်ခေါ်မှုမရှိဘူးတော့မဟုတ်ဘူး ၊ ဒါပေမယ့် Sagi တစ်ယောက်အနေနဲ့ စိန်ခေါ်မှုမပါရင်တောင် ပျင်းနေရဦးမယ် ။ ကိုယ်ဂရုစိုက်ရမှာက Time Management သေချာလုပ်နိုင်ဖို့ရယ် ၊ အနားယူချိန်မှာ စိတ်ရောကိုယ်ရောသေချာအနားယူဖို့ပါ ။ အချိန်ကောင်းစောင့်နေတဲ့သူတွေ ၊ ချီတုံချတုံဖြစ်နေတဲ့ကိစ္စမျိုးတွေ June အတွင်းစတင်ဖို့သင့်ပါပြီ ။

ပြောရရင် June ဟာ အတော်လေး Productive ဖြစ်ပါလိမ့်မယ် ။ ကိုယ့်ဘေးက ပါရမီဖြည့်ဖက်ကိုတော့ နားလည်မှုပေးဖို့တောင်းဆိုထားရမယ် ။ Personal Space တွေလိုမယ် ၊ ပစ်ထားတာကြာတဲ့လူမှုရေး မိသားစုရေးတွေ ပြန်အချိန်ပေးဖြစ်မယ် ။ Sagi ထုံးစံအတိုင်း ဘယ်လောက်ပဲအလုပ်များများ အချစ်ရေးအတွက်အချိန်ကတော့ မတောင်းလည်းပေးပါလိမ့်မယ် ။ အကြံပြုချက်အနေနဲ့ ကိုယ့်မှာ Sagi ချစ်သူရထားတယ်ဆို ဒီလထဲ သူနဲ့စိတ်တူကိုယ်တူရှိပေးတာ ၊ အတူသွားအတူလာရှိပေးတာ (တကယ်လို့မအားဘူးဆိုလည်း) သဘောထားကြီးပေးတာ ၊ နားလည်မှုပိုပေးတာမျိုးက အတော်လေး Helpful ဖြစ်ပါလိမ့်မယ် ။

Pisces

June အတွင်းမှာတော့ Pisces တွေအနေနဲ့ ဝင်ငွေထွက်ငွေကိုအဓိကဂရုစိုက်ရဖို့ရှိတယ် ။ ဝင်ငွေအရအနည်းငယ်တန့်နေတတ်ပြီး အသုံးပိုများနေမယ့်ကာလမို့ ငွေစုချင်သူဆိုလည်း အခြားအရာတစ်ခုခုပြောင်းလဲပြီးစုပါ ။ မရဘူးသုံးမယ်ဟေ့ဆိုရင်လည်း အပျော်အပါးအတွက်လျော့ပြီး အလှူအတန်းနဲ့ ရင်းနှီးမြုပ်နှံမယ့်အရာတွေ ပညာရေးတွေဖက်ငွေကုန်ခံလိုက်တာ နောင်တကင်းစေပါလိမ့်မယ် ။

အကြံပြုချက်အနေနဲ့ ဒီတစ်လမှာရှေ့ကို Charge လုပ်မယ့်အစား ခရီးတစ်ထောက်နားပြီး ရိက္ခာပြန်ဖြည့်ရမယ်လို့ မြင်ပါတယ် ။ Time Table အသစ် Routine အသစ်သဘောနဲ့ Balance လေးတစ်ခုကို ပိုပြီးအသားပေးသင့်တယ် ။ တကုပ်ကုပ်ကြိုးစားတာမျိုးထက် ပုံမှန်အလုပ်လေးတွေ တသမတ်ထဲလုပ်သွားပါ ။ တာဝန်ကျေပြီးရင် ပျော်ချိန်တန်ပျော် ၊ နားချိန်တန်နား ပေါ့ပေါ့ပါးပါးသွားသင့်တယ် ။

အခွင့်အလမ်းအရ တအားကြီး Favor မဖြစ်တာကြောင့် ရတာမလိုလိုတာမရဖြစ်နေနိုင်ပါတယ် ။ ပညာရေးအရတက်လမ်းမျှော်လင့်နေသူတွေ အနည်းငယ်တော့စိတ်ရှည်ရဦးမယ် ။ လုပ်ငန်းခွင်စကားအပြောအဆို ဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ် ။ မထင်ပဲပြောလိုက်တဲ့စကားကြောင့် ဖြေရှင်းရတတ်တယ် ။ စီးပွားရေးအပြိုင်ပေါ်လာတတ်တယ် ။ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီတစ်လောမှာ အထက်လူကြီးနဲ့ဝေးလေကောင်းလေနေတာ Peaceful ဖြစ်စေပါလိမ့်မယ် ။

လူမှုရေးပိုင်းကိုကြည့်တဲ့အခါမှာ တစ်ကိုယ်ကောင်းဆန်တဲ့သူ ၊ တစ်ဖက်သတ်အမြင်ရှိတဲ့သူမျိုးကြောင့် စိတ်ရှုပ်ရတတ်တယ် ။ လက်ရှိကိုယ့်အနားဒီလိုရှိနေရင် အမြန်ခွာလိုက်ပါ ။ မိသားစုရေးမှာဆိုလည်း ဒီသဘောပဲသက်ရောက်တယ် ။ ဖခင် သို့မဟုတ် Strong Character ရှိတဲ့မိခင်ကြောင့် စိတ်ရှုပ်ရတတ်တယ် ။ ထိပ်တိုင်မရင်ဆိုင်ပါနဲ့ ။ တော်ရုံကိစ္စခေါင်းထဲမထည့်ခြင်း လိုက်မခံစားခြင်းက ကိုယ့်ကိုဒီတစ်လအတွက် Smart ဖြစ်စေပါလိမ့်မယ် ။

June ဟာ Pisces တွေအတွက် Adventure နည်းနည်းနဲ့ အေးအေးသာသာလေး Chill လုပ်နေသင့်တဲ့အပိုင်းအခြားဖြစ်ပါတယ် ။ နှလုံးသားရေးမှာဆိုလည်း အချိန်ပြည့်အတူရှိတာမျိုးထက် သူ့ကိုအချိန်လေးပေး ၊ ပြီးတာနဲ့ ကိုယ်စိတ်ပျော်ရာ စာလေးဖတ်တာ သီချင်းတစ်ပုဒ်ကို Repeatedly နားထောင်တာမျိုးဖြစ်ဖြစ် လုပ်နေသင့်တယ် ။ Life Goal အရ Block လေးတွေရှိပေမယ့် အလှအပအပျော်အပါးအားသာနေတာမို့ ခရီးလေးသွား ၊ လိုချင်တာလေးလျှောက်ဝယ် ၊ Skincare တာ Diet လုပ်တာလေးတွေအချိန်ပေးရင်း ကိုယ့်ကိုကိုယ် Treat လုပ်သင့်တဲ့ကာလဖြစ်ပါတယ် ။

Aries

June လမှာတော့ စိတ်ရှည်သည်းခံပြီးသွားဖို့လိုမယ် ။ ငွေအဝင်လမ်းကြောင်းအရ အနည်းငယ်လေးတန့်နေတတ်တယ် ။ ပုံမှန်တော့ရနေမယ် ရုတ်တရက်များများရလိုက် ရပ်သွားလိုက်ဆိုတာမျိုးဖြစ်နေမယ် ။ ဒါကိုသွားပြီး Pressure ပေးဖို့တော့ အားမပေးဘူး ။ ဒီအခါမှ Blocked ဖြစ်သွားတတ်တယ် ။ ရလာတဲ့အခွင့်အရင်းအတွက် Ready လုပ်ထားတာ ပိုကောင်းတယ် ။ ဒီတော့ June လ Energy ကိုပြောရရင် စိတ်ချမ်းသာဖို့က နံပါတ်တစ်ဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ်လည်းဖိအားမပေးသင့်သလို အခြားသူကိုလည်း တွန်းအားမပေးသင့်ပါဘူး ။

Career ပိုင်းမှာတော့ အားရမှုရှိပါတယ် ။ ပြည်ပရောက်နေသူတွေ ၊ အဝေးရောက်နေသူတွေအတွက် ပိုပြီးအခွင့်အလမ်းများပါလိမ့်မယ် ။ ပြည်ပထွက်ဖို့ ခရီးထွက်ဖို့စီစဥ်နေတာမျိုးရှိရင် အခွင့်အရေးကောင်းပါတယ် ။ သတင်းကောင်းစောင့်နေတာရှိရင် စိတ်ပျော်ရွှင်မှုရမယ် ။ လုပ်ငန်းရှင်အနေနဲ့ ရင်းနှီးမြုပ်နှံစရာတွေ စာချုပ်ကိစ္စတွေ June လ တတိယအပတ်ဝန်းကျင်ကိုရွေ့ပါ ။ အမြတ်အစွန်းအရ ပိုပြီးအခြေအနေကောင်းပါလိမ့်မယ် ။

ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်သင့်တာလေးမြင်တယ် ။ Career အရကံတက်လာတဲ့ June လလည်နောက်ပိုင်းမှာ ကျန်းမာရေးအဖျက်လေးဝင်တတ်တယ် ။ စိတ်များပြီးအကုန်လွှတ်ချလိုက်ချင်တာ Exhausted သဘောမျိုးဖြစ်လာတတ်တယ် ။ Mental Energy ခန်းခြောက်လာတတ်လို့ အအိပ်အစားမှန်ဖို့ အတွေးမများဖို့ စိတ်ထွက်ပေါက်လေးတွေအတွက် အချိန်သီးသန့်ပေးနိုင်ဖို့ ဂရုပြုသင့်ပါတယ် ။

လူမှုရေးနဲ့ပတ်သက်လို့ ဒီလထဲ Picky ဖြစ်နေမယ်လို့မြင်တယ် ။ ကိုယ်စိတ်ပျော်ရာနေရာမှာပဲ တဇွတ်ထိုးနေမယ် ၊ စိတ်ပျော်တဲ့သူကလွဲပြီး ကျန်တာကိုကျောခိုင်းထားဖို့ရှိတယ် ။ မိသားစုရေးမှာလည်း အနည်းငယ်လေးတော့ အထိအရှရှိတယ် ။ ကိုယ်လည်းခေါင်းမာနေသလို ခေါင်းမာတဲ့သူမျိုးအနားမှာရှိရင် သတိပြုပါ ။ မိသားစုထဲစကားကြောင့်ဖြစ်စေ အပြုအမူကြောင့်ဖြစ်စေ အထီးကျန်တယ်ခံစားရတာ နားလည်မခံရဘူးခံစားရတာမျိုး ရှိလာတတ်တယ် ။

အချစ်ရေးအရတော့ အတည်တကျမဟုတ်သေးပဲ ဟိုမရောက်ဒီမရောက်ဆက်ဆံရေးလေးတွေ ပိုပြီးအခွင့်သာပါတယ် ။ Flirt လုပ်ဖို့ကောင်းတဲ့ကာလဖြစ်ပါလိမ့်မယ် ။ အထူးသဖြင့် Single တွေအတွက်ပိုပြီး အခွင့်အလမ်းသာတယ် ။ စိတ်လှုပ်ရှားစေသူအသစ်တွေ ရောက်လာမယ် ။ Relationship ရှိသူတွေအနေနဲ့တော့ Personal Space လေးယူဖို့ အကြံပေးပါတယ် ။ ချစ်တော့ချစ်မယ် ကတောက်ကဆဖြစ်တာလေးလည်း ရှိနေမယ် ။ လက်ရှိအချစ်ရေးမပြေလည်သူတွေ စိတ်ကုန်နေသူတွေ June တစ်လမှာ ရွေးချယ်မှုအသစ်တွေပေးလာလိမ့်မယ် ။ Cheat လုပ်တာမျိုးရှောင်ပါ ။ တစ်ဖက်ကိုပြတ်သားပြီးမှ နောက်တစ်ဖက်ကိုရွေးချယ်ပါလို့အကြံပေးပါတယ် ။

Gemini

Gemini Season လည်းဖြစ်သလို Sagittarius Full Moon နဲ့တာထွက်ပြီး Gemini New Moon လည်းစောင့်ကြိုနေတဲ့ June ဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတာသိပ်မဆန်းပါဘူး ။ ပြောမယ်ဆို June အတွင်း Gemini တွေအတွက် Focus တွေများနေဖို့ရှိတယ် ။ Social ပိုင်းနဲ့ Relationship ပိုင်းပါ ။

ဒီတစ်လောအတွင်းကိုပဲ မိသားစုထဲမပြေလည်တာတွေ ပြေလျော့လာဖို့ရှိတယ် ။ June အတွင်း လူမှုရေးကိစ္စလေးတွေများမယ် ။ ပျော်လည်းပျော်ရမယ် ၊ အသုံးလည်းများဖို့ရှိတယ် ။ ဒီတစ်ချက်တော့စိတ်ပူစရာရှိပေမယ့် Control လေးရှိရုံပါပဲ ။ စီးပွားရေးကဖြစ်စေ ၊ Bonus ရတာ မုန့်ဖိုးရတာမျိုးဖြစ်စေ မထင်မှတ်ပဲငွေဝင်နေဖို့ရှိတယ် ။ အသုံးများမယ့်လကိုပြန်ကာမိဖို့အတွက် ငွေကြေးကံအထောက်အပံ့လေးလည်း အားကောင်းနေပါလိမ့်မယ် ။

ကျန်းမာရေးကိုကြည့်တဲ့အခါမှာတော့ Downside လေးရှိနေတာ သတိပြုပါ ။ ကြီးကြီးမားမားမဟုတ်ပေမယ့် စိတ်နဲ့ပတ်သက်ပြီးအတက်အကျမြန်တာမျိုး သတိပြုပါ ။ လက်ရှိ Stress များတဲ့ပတ်ဝန်းကျင်ကလူဆိုရင် တကူးတကစိတ်ထွက်ပေါက်လေးတွေရှာယူဖို့ အကြံပေးပါတယ် ။ Physical ပိုင်းမှာဆိုရင်တော့ မျက်စိ ၊ အာရုံကြောအဓိကသတိပြုရမယ် ။ အထိုင်များသူတွေ ပုခုံး ဇက်ကြောနဲ့ပတ်သက်လို့လည်း မပေါ့ဆသင့်ဘူးလို့မြင်ပါတယ် ။

နောက်တစ်ခုက အချစ်ရေးပေါ့ ။ ပွဲဆက်များနိုင်တဲ့လမို့ လူမှုရေးများသလို အပျော်နောက်ပါသွားပြီး အချစ်ရေးကိုထိခိုက်တတ်တာလေးသိထားပါ ။ ကိုယ်က Settle မလုပ်သေးဘူး ၊ ပေါ့ပေါ့ပါးပါးပဲဆိုသူတွေအတွက် ပိုပြီး Excitement ရှိမယ် ။ ဟိုမကျဒီမကျဆက်ဆံရေးလေးတွေ တစ်ဆင့်တက်လာနိုင်တယ် ။ Committed အချစ်ရေးထဲရှိနေရင်တော့ စိတ်ကြည်နူးစရာလည်းရှိတယ် ကတောက်ကဆလေးလည်းတွဲရှိတယ် ။ ရက်တိုခရီး နေ့ချင်းပြန်ခရီးမျိုးထွက်နိုင်ရင်တော့ အကောင်းဆုံးပဲ ။ အရေးပါသူအတွက် တကူးတကအချိန်လေးတွေ အရေးထားမှုလေးတွေချန်ထားစေချင်တယ် ။

ဘယ်လိုပဲဖြစ်စေ June ဟာ Relationship စတင်ချင်သူအတွက်ရော ၊ စေ့စပ်တာ လက်ထပ်တာ သားသမီးယူချင်တဲ့သူတွေအထိ အခွင့်ပေးတယ် ။ လက်ရှိအသည်းကွဲနေသူတွေ Move On ချင်သူ Let Go လုပ်ချင်သူတွေအတွက်ရော အတော်လေးအဆင်ပြေတာတွေ့ရတယ် ။ တစ်ယောက်နဲ့တစ်ယောက်တော့မတူဘူး ၊ ကိုယ်အာရုံရှိတဲ့ဖက် အဆင်ပြေသွားတာမျိုးပေါ့ ။ ဒီတော့ ဘယ်အချက်ကို Manifest လုပ်မလဲ ၊ ဘယ်ဖက်ကိုအားထုတ်မှုပြုမလဲကတော့ ကိုယ့်ရွေးချယ်မှုလို့မြင်ပါတယ် ။

ရေးသားသူ –Ellie

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။