ရှားမီးဗေဒင်ဟောကိန်း

Astrology
ရှားမီးဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှားမီးဗေဒင်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှားမီးဗေဒင်ဟောကိန်း

တွက်ရန်လင်္ကါမှာ
မိုး-စွေ-အုံ့-ခါ-ရွာ-တုံ-သာ-လှ- ဟူ၍ ဖြစ်ပါသည်။
အဋ္ဌလဂ်ခွင်တွင် လင်္ကာ အတိုင်း အ​နောက်မြောက်ထောင့် ရာဟုအိမ်ကစ၍ ဂဏန်းချကာ လက်ယာရစ် ရေးရပါသည်။

တွက်နည်းမှာ-
(၁) ရောက်သက်ကိုတည် ၈ နှင့်စားပြီးလျင် အကြွင်းကို ယူပါ။
(၂) မွေးနံမြင်ရာမှစ၍ အကြွင်း အရေအတွက် အရ လက်ယာရစ် လှည့်၍ထောက်ပါ။
(၃) အကြွင်းအရေအတွက်ကုန်လျှင်ရပ်၍ ရောက်ရာအိမ်၏ဂဏန်းကိုကြည့်ပါ။
၁-တွင်ကျပါက အိုသူကိန်း၊
၂-တွင်ကျပါက ကောလီကိန်း၊
၈-တွင်ကျပါက ရှားမီးကိန်း၊
၀-တွင်ကျပါက ထွေစောကိန်း၊
၆-တွင်ကျပါက သူအိုကိန်း၊
၄-တွင်ကျပါက လီကောကိန်း၊ ၅-တွင်ကျပါက မီးရှားကိန်း၊ ၃-တွင်ကျပါက စောထွေကိန်း…ဟူ၍ ကိန်းရှစ်မျိုးရသည်။

တွက်နည်း နမူနာ(၁)

အသက်၄၀ တနင်္ဂနွေသား
၄၀ အစား ၈ = ၈*၅=၄၀
အကြွင်း = ၀
၀ကြွင်းလျင် နောက်သို့ တကွက်ဆုတ်ပါ။
အိုဟူသော တနင်္ဂနွေ၏နောက်တွင်
စွေဟူသော အင်္ဂါရှိသောကြောင့် စောထွေကိန်းကျရောက်ပါသည်။
စောထွေ နွဲ့နှောင်း စုတ်ကောင်း နဂိုလ်ဟူသောလင်္ကါအရ

ကောင်းသောစုတ်ဝင်မည်။ အချစ်သစ်တွေ့မည်။ မိတ်ဆွေသစ် ရမည်။
ကူညီမစမည့်သူ ပေါ်တတ်သည်။
ကြံစည်သမျှ အောင်မြင်မည်။
ဝန်ထမ်းဖြစ်က ရာထူးနေရာ
တည်​မြဲမည်။

တွက်နည်းနမူနာ (၂)

အသက် ၂၁ တနင်္ဂနွေသမီး
၂၂*၈ = ၁၆
အကြွင်း ၅

သူအိုကိန်း

ယာယီခရီးသွားရမည်။
မိမိအိမ်မှ တစ်နယ်တစ်ကျေးသို့သွားရမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။
တွက်နည်းနမူနာ (၃ )
အသက် ၂၅ တနင်္လါသားသမီး
၂၅*၈ =၂၄
အကြွင်း ၁

ကောလီကိန်း

စုတ်ကြီးဝင်မည်။
ယောကျ်ားဖြစ်က မိန်းမလှလှရမည်။
မိန်းမဖြစ်က ခန့်ချောသော ခင်ပွန်းရမည်။
ဥစ္စာပစ္စည်း ဝင်မည်။
စုတ်ကောလာဘ်ကောမဝင်ဘဲရောဂါဝေဒနာများနှင့်ကြုံပါက ခြေ(၂)ချောင်းခမည်းပေးလျှင်လွတ်မည်။
တွက်နည်းနမူနာ ( ၄ )
အသက်၃၀ ဗုဒ္ဓဟူးသား
၃၀*၈ = ၂၄
အကြွင်း ၆

ရှားမီးကိန်း

အသက်အန္တာရာယ် ထိခိုက်တတ်သည်။
သတိပြု၍ ဘုရားတရားဆည်းကပ်ပါ။
အသက် မthayသော်လည်း ကြေကွဲ၀မ်းနည်းဖွယ်ရာ ပူပင်သောကနှင့်ကြုံရတတ်သည်။
သူခိုး ခိုးခံရတတ်သည်။
မီးလောင်တတ်သည်။
ခိုက်ရန်အမျိုးမျိုးဆင့်ကဲဆင့်ကဲဝင်လာတတ်သည်။
ထို့ကြောင့် ရာဟုဒေါင့်တွင် ရှားမီး သက်စေ့ပူဇော်ဆုတောင်း၍ ယတြာချေရမည်။
ပြောင်းပြန်ကျသော ကိန်းများမှာ
အနည်းငယ်သာ ကောင်းကျိုးဆိုးကျိုး ဖြစ်တတ်ပါတယ်။

ရေးသားသူ –SayarWinZaw

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။