ဘဏ် ၃၀ နီးပါးကို ဓားပြတိုက်ခဲ့တဲ့ တောင်အာဖရိက ရဲအရာရှိ

International News
ဘဏ် ၃၀ နီးပါးကို ဓားပြတိုက်ခဲ့တဲ့ တောင်အာဖရိက ရဲအရာရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘဏ် ၃၀ နီးပါးကို ဓားပြတိုက်ခဲ့တဲ့ တောင်အာဖရိက ရဲအရာရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘဏ် ၃၀ နီးပါးကို ဓားပြတိုက်ခဲ့တဲ့ တောင်အာဖရိက ရဲအရာရှိ

တောင်အာဖရိကနိုင်ငံသမိုင်းမှာ အကျော်ကြားဆုံး ဘဏ်ဓားပြတစ်ဦးကတော့ အန်ဒရီစတန်ဒါပါပဲ။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ စတန်ဒါဟာ ဘဏ် ၃၀ လောက် ဓားပြတိုက်ခဲ့ပြီး သူ ဓားပြတိုက်ခဲ့တဲ့ ဘဏ်တချို့ကို စုံစမ်းစစ်ဆေးရေး ရဲအရာရှိအဖြစ် လာကြည့်ခဲ့ပါသေးတယ်။

တောင်အာဖရိက အကျဉ်းထောင်အရာရှိကြီးတစ်ဦးရဲ့ သားဖြစ်သူ စတန်ဒါဟာ ငယ်စဉ်ကတည်းက ရဲအရာရှိလုပ်ဖို့ ဖိအားပေးခံခဲ့ရသူပါ။ တောင်အာဖရိက ရဲသင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး အတန်းထဲမှာ အဆင့် ၁ အဖြစ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ် ဆိုဝီတိုဆန္ဒပြပွဲမှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ ကျောင်းသား/သူ ၁၇၆ ဦး thayဆုံးခဲ့ပြီးနောက် ရဲအလုပ်ကို စိတ်ကုန်သွားခဲ့ပြီး ဒုစရိုက်လောကကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

၁၉၈၀ ပြည့်နှစ်မှာတော့ စတန်ဒါ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံခဲ့ရပေမဲ့ ပြစ်ဒဏ်အများစုကို တပြိုင်တည်းကျခံရတာဖြစ်လို့ သူ့ရဲ့ထောင်ဒဏ်က ၁၇ နှစ်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၃ နှစ်အကြာမှာပဲ ထောင်ဖောက် ထွက်ပြေးခဲ့ပြီး စတန်ဒါဂိုဏ်းအမည်နဲ့ ဘဏ်ဖောက်ထွင်းမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ စတန်ဒါဟာ အမေရိကန်မှာ ထွက်ပြေးခိုလှုံနေတုန်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် thayဆုံးသွားခဲ့တာပါ။

၂၀၀၃ ခုနှစ်မှာ သူ့အကြောင်း ရိုက်ကူးထားတဲ့ Stander ရုပ်ရှင်ဇာတ်ကား ထွက်ခဲ့ပြီး အမေရိကန်မင်းသား သောမတ်စ်ဂျိန်းက စတန်ဒါအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။