အိန္ဒိယပြည်နယ်တစ်ခုမှာ အပူလှိုင်းဒဏ်ကင်းပြီး မိုးရွာလာဖို့ ရှေးယခင်ဓလေ့ထုံးစံအတိုင်း ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့

International News
အိန္ဒိယပြည်နယ်တစ်ခုမှာ အပူလှိုင်းဒဏ်ကင်းပြီး မိုးရွာလာဖို့ ရှေးယခင်ဓလေ့ထုံးစံအတိုင်း ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိန္ဒိယပြည်နယ်တစ်ခုမှာ အပူလှိုင်းဒဏ်ကင်းပြီး မိုးရွာလာဖို့ ရှေးယခင်ဓလေ့ထုံးစံအတိုင်း ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိန္ဒိယပြည်နယ်တစ်ခုမှာ အပူလှိုင်းဒဏ်ကင်းပြီး မိုးရွာလာဖို့ ရှေးယခင်ဓလေ့ထုံးစံအတိုင်း ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အပူလှိုင်းဒဏ်ကြောင့် Dergaon မြို့ခံတွေဟာ မိုးနတ်မင်းကြီးစိတ်ကျေနပ်စေဖို့ ရှေးယခင်ကျင့်သုံးခဲ့တဲ့ ဓလေ့ထုံးစံဖြစ်တဲ့ ဖားလက်ထပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ အာသံပြည်နယ်မှာ မိုးရွာဖို့လိုအပ်နေပြီး မိုးမရွာတာကြောင့် လယ်သမားတွေ အတော်လေးဒုက္ခရောက်နေရပါတယ်။ အဲဒီက လူအများစုဟာ လယ်အလုပ် လုပ်ကိုင်နေကြရပြီး လယ်အလုပ်ကနေပဲ ဝင်ငွေရနေရတာပါ။

မိုးခေါ်ပြီး စိုက်ပျိုးရာသီကို အောင်မြင်စေဖို့ မျှော်လင့်ချက်နဲ့ ဖားတွေကို လက်ထပ်ပေးတာဖြစ်တယ်လို့ ဖားနှစ်ကောင်ကို လက်ထပ်ပေးတဲ့ ဘုန်းကြီးက ပြောပါတယ်။ ဒဏ္ဍာရီလာ ဟိန္ဒူယုံကြည်ချက်တစ်ခုအရ လယ်ဖားတွေကို ထုံးထမ်းအစဉ်အလာအတိုင်း လက်ထပ်ပေးရင် လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းစေနိုင်ပါတယ်။

၂၀၁၉ ခုနှစ်က အာသံပြည်နယ်ရဲ့ Sivasagar မြို့မှာလည်း ဖားနှစ်ကောင်ကို လက်ထပ်ပေးတာလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က အာသံပြည်နယ်ရဲ့ Jorhat ဒေသမှာ ကျင်းပခဲ့တဲ့ ဖားမင်္ဂလာပွဲကတော့ သတင်းခေါင်းကြီးပိုင်းမှာ ပါလာခဲ့တာပါ။

 

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။