၁၂ စက္ကန့်ကျော်အတွင်း ၂ လက်မ ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာ ပြေးခဲ့တဲ့ စပိန်အမျိုးသား

International News
၁၂ စက္ကန့်ကျော်အတွင်း ၂ လက်မ ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာ ပြေးခဲ့တဲ့ စပိန်အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၂ စက္ကန့်ကျော်အတွင်း ၂ လက်မ ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာ ပြေးခဲ့တဲ့ စပိန်အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၂ စက္ကန့်ကျော်အတွင်း ၂ လက်မ ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာ ပြေးခဲ့တဲ့ စပိန်အမျိုးသား

စပိန်နိုင်ငံက အသက် ၃၄ နှစ်အရွယ် ခရစ်ရှန် ရောဘတ်တို လိုပက်ဇ် ရိုဒရီဂူဇ်ဆိုသူအမျိုးသားတစ်ဦးက ၂.၇၆ လက်မမြင့်တဲ့ ဒေါက်ဖိနပ်ကို စီးပြီး ၁၂.၈၂ စက္ကန့်အတွင်း ၁၀၀ မီတာ ပြေးပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်က ၁၄.၀၂ စက္ကန့်အတွင်း ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာပြေးခဲ့တဲ့ အန်ဒရီ အော့တို့ဖ်ရဲ့စံချိန်ကို ချိုးပစ်ခဲ့တာပါ။

စည်းမျဉ်းအရ ဒီစံချိန်ချိုးမယ့်သူက အနည်းဆုံး ၇ စင်တီမီတာ (၂.၇၆ လက်မ) အနည်းဆုံးရှိတဲ့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ရပါတယ်။ သူ့လို Type 1 ဆီးချိုရောဂါရှိတဲ့သူတွေက ဆီးချိုရောဂါမရှိတဲ့သူတွေထက် ပိုပြီးလုပ်နိုင်တယ်ဆိုတာကို ပြချင်လို့ ဒီစံချိန်ကို ချိုးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ခရစ်ရှန်က ပြောပါတယ်။

ခရစ်ရှန်ဟာ နှာခေါင်းပေါ်က အရာဝတ္ထုကို အချိန်အကြာကြီး ဟန်ချက်ညီအောင်ထိန်းခြင်း (၂ နာရီ ၄၂ မိနစ်)၊ မေးစေ့ပေါ်က စက်ဘီးကို အချိန်အကြာကြီး ဟန်ချက်ညီအောင် ထိန်းခြင်း (၉ မိနစ် ၄၁ စက္ကန့်) အပါအဝင် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်း ၅၇ ခုကျော်ကိုလည်း ကိုင်ဆောင်ထားတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။