အိပ်မက်မကောင်းလျှင်

Astrology
အိပ်မက်မကောင်းလျှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိပ်မက်မကောင်းလျှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိပ်မက်မကောင်းလျှင်

မိမိတို့ မြန်မာလူမျိုးများဟာ အိပ်မက်မက်လို့ မကောင်းတဲ့ အိပ်မက်များမက်လျှင် စိုးရိမ်ကြောင့်ကြတတ်ကြတယ်။ ၎င်း အိပ်မက်ဆိုးတွေကြောင့် ဘာလုပ်လုပ်ဘာကိုင်ကိုင် စိတ်ထဲ တထင့်ထင့်နဲ့ အိပ်မက်ထဲက အတိုင်း လက်တွေ့ဖြစ်လာရင်အခက်ပဲ လို့လည်း တွေးပူတတ်ကြပြန်တယ်

အမှန်တကယ်တော့ အိပ်မက်မက်တဲ့အခါ မြန်မာလူမျိုးအယူဖြစ်တဲ့ အိပ်မက်အတိတ်ဆိုတာရှိတာ အိပ်မက်ထဲကအတိုင်း တကယ်ဖြစ်လာတယ် လို့ အယူရှိတယ်။

ဒါရှေးပဝေသဏီထဲက ဒီအယူကရှိတယ် မှန်တဲ့ အိပ်မက်တွေ ရှိတယ် များသောအားဖြင့် သွေးလေခြောက်ခြားပြီး မက်တဲ့ အိပ်မက်တွေက များပြီး မမှန်တာက ပိုများကြတယ်။ ဒါကြောင့် အိပ်မက် အတိတ် ကောက်တတ်သည်ပဲဖြစ်စေ မကောက်တတ်သည်ပဲဖြစ်စေ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲဒီလို ယုံကြည်ကိုးကွယ်အားထားစရာ ရတနာသုံးပါးကို မေ့လျော့ပြီး အစွဲအလမ်းကြီးမားတဲ့အခါ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ကြရတယ်..
ဒါကြောင့် အကယ်၍များ အိပ်မက်မကောင်းရင် စိတ်တထင်ထင့်ဖြစ်နေရင်

၁။မနက် အိပ်ရာနိုးတာနဲ့ မျက်နှာသစ်တဲ့အခါ သရဏဂုံ သုံးပါးကို ရွတ်ပြီး သစ်ပါ
(တခြားဂါထာတွေကိုလည်း ရွတ်နေကျရှိတဲ့အခါ ရွတ်ဖတ်နိုင်သည်)

၂။နောက် ၎င်းနေ့မှာ ခိုစာ ခွေးစာ ကျွေးပေးပါ။ ဒီလိုမဟုတ်ဘူးဆိုရင် ချို့တဲ့သူတစ်ယောက်ယောက်ကို ထမင်းနဲ့ ဟင်း လှူဒါန်းပေးပါ ဥပမာ ခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်နေရသူ တောင်းရမ်းရှာဖွေစားသောက်နေရသူ စသောသူတို့အား အနည်းဆုံး တစ်နပ်စာကောင်းမွန်စွာ ကုသိုလ်ပြုပေးပါ။

၃။ နောက်ဆုံးတစ်ချက်ကတော့ ဘုရားစေတီပုထိုးမှာ ထီး တံခွန် ရေချမ်း ပန်း တို့ဖြင့် ပူဇော်ပေးပါ။
ဒါဆိုလျှင် မကောင်းအတိတ်နိမိတ်များ မကောင်းသော အိပ်မက်များ မမြင်မက်တော့ဘဲ အကျိုးပေးခြင်းမရှိတော့ဘဲ ကောင်းကျိုးများရရှိမှာပဲဖြစ်ပါတယ်။ နေ့စဉ် သို့မဟုတ် မကြာခဏ ပြုလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ ဒါသည်ပင် လောက ဓမ္မအရပြုသင့်တဲ့ အကျိုးမယုတ် တဲ့ကုသိုလ်ယတြာလည်းဖြစ်ပါကြောင်း စေတနာဖြင့် နည်းလမ်းကောင်းများညွှန်ပြပေးလိုက်ပါတယ်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။