ဘုရားက အိုကေ လို့ နိမိတ်ပြလို့ အလှူခံပုံးကနေပိုက်ဆံခိုးခဲ့သူ

Funny International News
ဘုရားက အိုကေ လို့ နိမိတ်ပြလို့ အလှူခံပုံးကနေပိုက်ဆံခိုးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရားက အိုကေ လို့ နိမိတ်ပြလို့ အလှူခံပုံးကနေပိုက်ဆံခိုးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုရားက အိုကေ လို့ နိမိတ်ပြလို့ အလှူခံပုံးကနေပိုက်ဆံခိုးခဲ့သူ

ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ Yi Yang မြို့က Shuangyan ဘုရားကျောင်းက အလှူခံပုံးထဲကနေ Ye Mou ဆိုသူလူတစ်ဦးက ဘုရားအလှူငွေတချို့ကိုခိုးယူခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

ဒီလိုခိုးမှုတွေဟာ ထူးခြားတဲ့ပြစ်မှုတစ်ခုမဟုတ်ပေမယ့်လည်း ကျူးလွန်သူရဲ့ချေပတုံ့ပြန်ချက်တွေက ရဲနဲ့မီဒီယာတွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။
ရဲက Ye Mou ကို ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါမှာ Ye Mou က ၎င်းဟာ ပိုက်ဆံခိုးတာမဟုတ်ပဲ ဘုရားဆီမှာအရင်ခွင့်တောင်းပြီးမှ ဘုရားက OK sign လက်ဟန်ပြခဲ့တဲ့အတွက် ယူခဲ့တာဖြစ်ပြီး နောင်မှာပြန်ဆပ်ဖို့အစီအစဥ်ရှိကြောင်း ထွက်ဆိုလာခဲ့ပါတယ်။

Ye Mou ပြောလာတဲ့ OK လို့ နိမိတ်ပြတယ်ဆိုတာဟာ ဗုဒ္ဓဆင်းတုရုပ်ပွားတော်တွေက လက်ညှိုးနဲ့လက်မကိုစက်ဝိုင်းသဏ္ဌာန်ပြုလုပ်ထားတဲ့ မုဒြာအသွင်ဟန်ပန်ကို ဆိုလိုတာဖြစ်ပါတယ်။ ရဲကတော့ Ye Mou ကို ဒီပြစ်မှုအတွက် ၁၂ ရက် အချုပ်ထဲမှာထိန်းသိမ်းထားခဲ့ပြီဖြစ်ပါတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။