ပျောက်ကွယ်လုဖြစ်သောနက္ခတ်၁၂ပါးဟောကိန်း

Astrology
ပျောက်ကွယ်လုဖြစ်သောနက္ခတ်၁၂ပါးဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပျောက်ကွယ်လုဖြစ်သောနက္ခတ်၁၂ပါးဟောကိန်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပျောက်ကွယ်လုဖြစ်သောနက္ခတ်၁၂ပါးဟောကိန်း

အခုတစ်ခါမှာတော့ ပျောက်ကွယ်လုလု ဖြစ်နေပြီဖြစ်သော ရှေးဟောင်းနက္ခတ်(၁၂)ပါးတွက်နည်းကို (အများနားလည် သဘောပေါက်လွယ်သော ရေးဟန်ဖြင့်) ကျွန်တော်ပြုပြင်ရေးသား ဖော်ပြပေးလိုက်ပါတယ် ။ အခုတွက်ကိန်းဟာ ကျွန်တော့်ရဲ့ မူပိုင်ဟောကိန်း မဟုတ်တာမို့ မှန်ခြင်း ၊ မှားခြင်းကို အငြင်းမပွားကြစေလိုပါ ။ သဘောကျ နှစ်ခြိုက်မှု မရှိပါက ကျော်သွားစေလိုပါတယ် ။

တွက်နည်းက လွယ်ကူပါတယ် ။
တွက်လိုသူရဲ့ မြန်မာမွေးခုနှစ်သက္ကရာဇ်ကို တစ်ခု (-)ပြီး (၁၂)နဲ့ ÷ ရမှာ ဖြစ်ပါတယ် ။ ပြီးရင် အကြွင်းအလိုက် နက္ခတ်ဟောကိန်းတွေကို ဖတ်ကြည့်ရုံပါပဲ ။

ဥပမာ ….
၁၃၃၁ခုနှစ် – ၁ = ၁၃၃၀ ။
၁၃၃၀ ÷ ၁၂ = ၁၀ကြွင်းတာ​မို့ “ကြွက် မင်း”နက္ခတ်ဖြစ်ပါတယ် ။

“နက္ခတ်ဟောကိန်းများ”
(၁)ကြွင်း ကြွက်မင်းနက္ခတ်

အိမ်ထောင်ဆက်များတတ်ပါတယ် ။ အိမ်ထောင်ဘက်အပေါ်သစ္စာစောင့်သိမှုနည်းပြီး အချစ်ရေးအိမ်ထောင်ရေးမှာ ကံမကောင်းတတ်ပါဘူး ။ အိမ်ထောင်ရေးမှာနာမည်ဆိုး တွင်တတ်ပါတယ် ။

(၂)ကြွင်း နွားမင်းနက္ခတ်

မာနနဲ့ ယုံကြည်မှု အပြည့်ရှိပါတယ် ။ စိတ်သဘောထား ဖြောင့်မတ်ပြီးကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိပါတယ် ။ တည်ကြည်ဖြောင့်မတ်ပြီး လက်တွေ့သမားစစ်စစ် ဖြစ်ပါတယ် ။ စိတ်ကူးစိတ်သန်း အလွန်ကောင်းကာ အောင်မြင်တတ်ပါမယ် ။

(၃)ကြွင်း ကျားမင်းနက္ခတ်

စိတ်စေတနာကောင်းပြီး စိတ်ကောင်းရှိပါမယ် ။ ကျေးဇူးတရားနားလည်ပြီး အလှူအတန်း ရက်ရောပါမယ် ။ အသက်ရှည်ပြီး တရားဘာဝနာမှာ မွေ့လျော်ပါမယ် ။ ဘုန်းတန်ခိုးကြီးကာ ဩဇာလည်းကြီးပါမည်။

(၄)ကြွင်း ယုန်မင်းနက္ခတ်

စိတ်ဓာတ်ထက်မြက်ပါမယ် ။ တင့်တယ်တဲ့ အဆင်းရူပကာနဲ့ အသံဩဇာရှိပါမယ် ။ အလှအပနဲ့ အနုပညာမက်မောပြီးအကျိုးပေးပါမယ် ။ အရွယ်သုံးပါးစလုံးမှာ အသက်ရှည်စွာနဲ့ ဂုဏ်သတင်းကျော်ဇောကာလူချစ်လူခင်များ တတ်ပါတယ်။

(၅)ကြွင်း နဂါးမင်းနက္ခတ်

သည်းခံစိတ်နည်းပါးပြီးအမျက်ဒေါသကြီးပါမယ် ။ ဒေါသပေါက်ကွဲလွယ်ကာ ပြဿနာများကြားမှာ နေထိုင်သူ ဖြစ်ပါမယ် ။ စိတ်ကြမ်း လူကြမ်းနဲ့မို့ အမှုအခင်းတွေလည်း မကြာခဏ ကြုံဆုံရတတ်ပါတယ် ။ ကာမဂုဏ်ကိစ္စလည်း လိုက်စားလွန်းတတ်ပါမယ် ။

(၆)ကြွင်း မြွေမင်းနက္ခတ်

မွေးရပ်မြေမှ စွန့်ခွာပြီး တိုင်းတစ်ပါးအထိသွားကာ စီးပွားရှာဖွေ နေထိုင်လုပ်ကိုင်ရတတ်ပါတယ် ။ နိုင်ငံခြားနဲ့ အကျိုးပေးပါမယ် ။ ခရီးသွားခြင်း ၊ ကုန်သွယ်ခြင်းတွေနဲ့အကျိုးပေးပါမယ် ။ တခါတရံ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်တတ်တာကြောင့်် သတိရှိပါမှ အထူးကံကောင်းနိုင်ပါမယ် ။

(၇)ကြွင်း သိန္နောမြင်းနက္ခတ်

ရိုးသားတည်ကြည်ကာ အမှန်တရားကို မြတ်နိုးတတ်ပါမယ် ။သစ္စာရှိ ကတိတည်ကာ စိတ်မြန်ကိုယ်မြန် ရှိလှပါမယ် ။ “မှန်တာလုပ် ဟုတ်တာပြော”လွန်းလို့
လူမုန်းလည်း များတတ်ပါမယ် ။ အကုသိုလ်အလုပ်တွေကို ရှောင်ကြဥ်တတ်ပြီး ကောင်းရောင်းကောင်းဝယ်နဲ့ ကြီးပွားတတ်ပါတယ် ။

(၈)ကြွင်း ဆိတ်မင်းနက္ခတ် =

အလှူတန်းဝါသနာပါ ပါမယ် ။ အကြီးအကဲခေါင်းဆောင် လုပ်ရတတ်ပါမယ် ။ ပရဟိတနဲ့ သာသနာပြုတာကြောင့်မို့ဂုဏ်သတင်း ကျော်ဇောတတ်ပါတယ် ။သည်းညည်းခံတတ်မှုကြောင့်လည်း လူအများကချစ်ခင်တတ်ပါမယ် ။

(၉)ကြွင်း မျောက်မင်းနက္ခတ်

စိတ်ဂဏှာမငြိမ်ပေါ့ပါးပျော်ရွှင်စွာ နေတတ်ပါမယ် ။အသုံးအဖြုန်းကြီးသလို အကြွားဝါလည်း ကြီးတတ်ပါမယ် ။ဘဝမျိုးစုံကျင်လည်ရတတ်ကာ ငွေရှာလည်း ကောင်းပါမယ် ။ အပြောအဟောကောင်းပြီး စိတ်ဆိုးလွယ် စိတ်ပြေလွယ်တတ်ပါမယ် ။

(၁၀)ကြွင်း ကြက်မင်းနက္ခတ်

အရွယ်မတိုင်မီ မိဘတွေ ဆုံးပါး သွားတတ်ပါတယ် ။ စိတ်ထိခိုက်ခံစားလွယ် တတ်ပါမယ် ။ စိတ်ဒါဏ်ရာတွေကြောင့်အဆိုးမြင်ဝါဒရှိတတ်ပါတယ် ။ နေရာတိုင်းမှာပြဿနာ ရှာလိုပါမယ် ။ သနားစရာနဲ့ ရွံမုန်းစရာလူတယောက်အဖြစ် သတ်မှတ်ခံရတတ်ပါမယ် ။

(၁၁)ကြွင်း ခြင်္သေ့မင်းနက္ခတ်

ကိုယ်ကျိုးစွန့်ပြီးအများအကျိုး ဆောင်ရွက်တတ်ပါမယ် ။ အပေါင်းအသင်းအချင်းချင်း ကူညီတတ်ပါမယ် ။
အမှတ်သညာကြီးကာ ရဲရင့်တည်ကြည် ပြတ်သားပြီး ပညာသားပါပါနဲ့ ကလဲ့စားချေ တတ်ပါမယ် ။

(၀)ကြွင်း ဆင်မင်းနက္ခတ်

အစစရာရာ သာလွန်ကောင်းမွန်ပါမယ် ။ အရွယ်သုံးပါးစလုံး ကံကောင်းပြီး ဘုန်းတန်ခိုးကြီးပါမယ် ။

ဤကား ရှေးဟောင်း ဗေဒင်ကျမ်း အလိုတည်း ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။