သာသနာ့ဘောင်ထဲဝင်ရောက်နေတဲ့ ဇနီးသည်ကို ဝေယျာဝစ္စတွေပြုလုပ်ပေးပြီး ပါရမီဖြည့်နေတဲ့ မြတ်သူသူရဲ့ခင်ပွန်း

Celebrity Local News
သာသနာ့ဘောင်ထဲဝင်ရောက်နေတဲ့ ဇနီးသည်ကို ဝေယျာဝစ္စတွေပြုလုပ်ပေးပြီး ပါရမီဖြည့်နေတဲ့ မြတ်သူသူရဲ့ခင်ပွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သာသနာ့ဘောင်ထဲဝင်ရောက်နေတဲ့ ဇနီးသည်ကို ဝေယျာဝစ္စတွေပြုလုပ်ပေးပြီး ပါရမီဖြည့်နေတဲ့ မြတ်သူသူရဲ့ခင်ပွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သာသနာ့ဘောင်ထဲဝင်ရောက်နေတဲ့ ဇနီးသည်ကို ဝေယျာဝစ္စတွေပြုလုပ်ပေးပြီး ပါရမီဖြည့်နေတဲ့ မြတ်သူသူရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၅)ရက်နေ့က သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တာ ပရိသတ်တွေလည်းကြားသိပြီးသားဖြစ်မယ် ထင်ပါတယ် နော်။ မြတ်သူသူကတော့ အရင်ကတည်းက သူလုပ်ချင်သမျှ ကို စိတ်တိုင်းကျ လိုက်လံပံ့ပိုးနေတဲ့ ခင်ပွန်းဖြစ်သူကြောင့် ပရိသတ်တွေက သူ့ရဲ့အိမ်ထောင်ရေးလေးကို အားကျနေခဲ့ပါတယ်။

အခုတစ်ခေါက်မှာလည်း မြတ်သူသူက သာသနာ့ဘောင်ကို ဝင် ရောက်သွားချိန်မှာ ခင်ပွန်းဖြစ်သူက ခင်ပွန်းကောင်းပါရမီ ဖြည့်ဖက်ကောင်းအနေနဲ့ ဇနီးသည်ရဲ့ ဆန္ဒကို လိုက်လျောပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့ပါသေးတယ်။ သာသနာ့ဘောင်ဝင် ရောက်သွားတဲ့ ဇနီးသည်ရဲ့ဝေယျာဝစ္စတွေကအစသူ ကိုယ်တိုင် ပြုလုပ်ပေးပြီးပါရမီဖြည့်ပေးနေခဲ့တဲ့ မြတ်သူသူရဲ့ ခင်ပွန်းကလည်း တကယ်ကို ပါရမီဖြည့်ဖက် ကောင်းပါပဲ။

ဇနီးသည်ကို ပါရမီဖြည့်ပေးခွင့်ရတဲ့အတွက်ကိုလည်း “ဆရာလေးဒေါ်မေတ္တာနန္ဒီ အဖြစ် ကူးပြောင်းပြီး သာသနာ့ ဘောင်သို့ရောက်ရှိခြင်းကိုပါရမီဖြည့်ဆည်းခွင့်ရခဲ့တဲ့အတွက် အလွန်ဝမ်းသာကြည်ညိုပီတိဖြစ်ရပါတယ်ခင်ဗျ”ဆိုပြီး မြတ် သူသူရဲ့ ခင်ပွန်းက ကျေနပ်ပီတိဖြစ်နေခဲ့ပါတယ်။ ပရိသတ် ကြီးရေ မြတ်သူသူကတော့ အိမ်ထောင်ရေးကံကောင်းလွန်းသူ ပါပဲနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။