စပိုက်ဒါမန်း ဖြစ်ချင်လို့ ပင့်ကူ ကိုက်ခံခဲ့တဲ့ ကလေးငယ် ဆေးရုံရောက်

International News
စပိုက်ဒါမန်း ဖြစ်ချင်လို့ ပင့်ကူ ကိုက်ခံခဲ့တဲ့ ကလေးငယ် ဆေးရုံရောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စပိုက်ဒါမန်း ဖြစ်ချင်လို့ ပင့်ကူ ကိုက်ခံခဲ့တဲ့ ကလေးငယ် ဆေးရုံရောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စပိုက်ဒါမန်း ဖြစ်ချင်လို့ ပင့်ကူ ကိုက်ခံခဲ့တဲ့ ကလေးငယ် ဆေးရုံရောက်

သူ အကြိုက်ဆုံး စူပါဟီးရိုးဖြစ်တဲ့ စပိုက်ဒါမန်းလို ဖြစ်လာအောင် ပင့်ကူအကိုက်ခံခဲ့တဲ့ ကလေးငယ်တစ်ယောက် ဆေးရုံရောက်ခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ် ဘိုလီးဗီးယား ကလေးငယ်ဟာ သူ့အိမ်ဘေးက မြစ်နားမှာ ကစားနေရင်း ကျောက်တုံးတစ်တုံးကို ဆွဲမ လိုက်ချိန်မှာ ပင့်ကူနက်တစ်ကောင်ကို တွေ့ခဲ့တာပါ။

သူဟာ စပိုက်ဒါမန်း ဇာတ်ကားထဲကအတိုင်း ပင့်ကူကိုက်ခံရရင် ပင့်ကူလူသား ဖြစ်လာမယ်အထင်နဲ့ ပင့်ကူကို ကောက်ယူပြီး သူ့လက်ဖမိုးပေါ် တင်ခဲ့ပါတယ်။ ကလေးငယ်ကို ကိုက်ခဲ့တဲ့ ပင့်ကူဟာ မုဆိုးမပင့်ကူနက်( black widow spider) ပါ။ အိမ်ပြန်ရောက်ချိန်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နာကျင်ကိုက်ခဲတဲ့ ဝေဒနာ ခံစားခဲ့ရပေမဲ့ ကလေးက ပင့်ကူ ကိုက်ခံရတဲ့အကြောင်း မပြောခဲ့ပါဘူး။

ပင့်ကူ ကိုက်ခံရပြီး ၃ နာရီအကြာမှာတော့ နာကျင်မှုဝေဒနာ အလွန်ဆိုးရွားလာလို့ ကလေးက သူ့အမေကို ပင့်ကူ ကိုက်ခံရတဲ့အကြောင်း ထုတ်ပြောခဲ့တာပါ။ သူ့အမေက အနီးနားမှာရှိတဲ့ ဆေးရုံကို ခေါ်သွားခဲ့ပေမဲ့ ဆေးရုံကြီးကို အရေးပေါ်တင်ခိုင်းခဲ့ပြီး တိရစ္ဆာန်ကြောင့် ဖြစ်ရတဲ့ ရောဂါများဆိုင်ရာဌာန အကြီးအကဲထံ ဖုန်းဆက် အကူအညီတောင်းခဲ့ရပါတယ်။

ကလေးငယ်ရဲ့ ရောဂါလက္ခဏာတွေကိုကြည့်ပြီး သူ့ကို ကိုက်တဲ့ ပင့်ကူအမျိုးအစား ခွဲခြားနိုင်ခဲ့ပြီးနောက်မှာတော့ ဆရာဝန်တွေက သင့်တော်တဲ့ အဆိပ်ဖြေဆေး ထိုးပေးနိုင်ခဲ့ပါတယ်။ အဆိပ်ဖြေဆေးထိုးပြီး မိနစ် ၃၀ အကြာမှာတော့ ကလေးငယ်က စိတ်ချရတဲ့ အခြေအနေ ဖြစ်လာခဲ့တာပါ။

မုဆိုးမပင့်ကူ ကိုက်ခံရသူအများစုဟာ ပြင်းထန်တဲ့ရောဂါလက္ခဏာ ခံစားရလေ့မရှိပေမဲ့ မုဆိုးမပင့်ကူ မျိုးစိတ်တချို့ကတော့ လူ့အသက် ဆုံးရှုံးရတဲ့အထိ အဆိပ်ပြင်းထန်ပါတယ်။ ကလေးငယ်တွေနဲ့ ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ ပင့်ကူအဆိပ်ဒဏ်ကို ပိုပြင်းထန်စွာ ခံစားရလေ့ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။