ဒွါဒလဂ်ပြတ်ကိန်း

Astrology
ဒွါဒလဂ်ပြတ်ကိန်း

မြန်မာ့လက်ဆန်းရဲ့ ထူးခြားနဲ့ ဒွါဒလဂ်ပြတ်ကိန်းတွက်နည်းကို ဖော်ပြပေးလိုက်ပါတယ် ။ ဒွါဒလဂ်ပြတ်ကိန်း ကျရောက်တဲ့အခါ လုပ်ရေးကိုင်ရေး နှောင့်နှေးတတ်ခြင်း အကြံအစည်များလွဲချော်တတ်ခြင်း ကိုယ်စိတ်ပင်ပန်းစရာများကြုံရတတ်ခြင်း အရှုပ်အရှင်းပြဿနာများရတတ်ခြင်းများ ရှိတတ်သည်။ အထူးသဖြင့် မိမိကိုယ်တိုင် အကြံစည်ပျက်ပျား အတွေးအခေါ် ပျက်သုဉ်းတတ်ခြင်းများဖြစ်တတ်သော ကိန်းဟုဆိုရပါမည်။

မိမိရောက်ဆဲ အသက်ကိုတည် ၃-ဖြင့်ပေါင်းပါ ။ ရလဒ်ကို ၉-ဖြင့်မြှောက်ပြီး ၁၂ဖြင့်စားပါ။ ၀-ကြွင်းသော် ဒွါဒလဂ်ပြတ်ကိန်းဟု သတ်မှတ်ပါသည်။
ဥပမာ (၁) – အသက် ၂၉နှစ်ရှိသူတစ်ဦးဆိုပါက ၂၉ကို ၃နှင့်ပေါင်းက ၃၂ ရပါမည်။ ၄င်း ၃၂ကို ၉ဖြင့်မြှောက်ပါက ၂၈၈ ရပါမည်။ ၄င်း ၂၈၈ ကို ၁၂-ဖြင့်စားပါက ဝြကွင်းပါမည်။ ထို့ကြောင့် ဇာတာရှင်သည် အသက် ၂၉ နှစ်အတွင်းတွင် ဒွဒလဂ် ပြတ်ကိန်းဆိုက်သည် ဟုဆိုရပါမည်။

ဥပမာ (၂) – အသက် ၄၁နှစ်ရှိသူတစ်ဦးဆိုပါက အသက် ၄၁ကို ၃ဖြင့်ပေါင်းပါက ၄၄ ရပါမည်။ ၄င်း ၄၄ကို ၉ဖြင့်မြှောက်ပါက ၃၉၆ ရပါမည်။ ၄င်း ၃၉၆ ကို ၁၂ဖြင့်စားပါက အကြွင်း ၀ – ရပါမည်။ ထို့ကြောင့် ဒွါဒလဂ် ပြတ်ကိန်းဆိုက်သည်ဟု ဆိုရပါမည်။

အထက်ပါ ဥပမာ နှစ်ခုကို နီးမှီပြီး သိနိုင်လောက်ပါပြီ။ ယတြာအနေဖြင့် ထိုကဲ့သို့ ဒွါဒ လဂ်သုဉ်းကိန်း ကြုံသောအခါ ဆောင်ရွက်ရမည့်ယတြာမှာ သစ်ပင် ၁၂-ပင်စိုက်ပျိုးခြင်းဖြင့် အည့့ပျောက်သည့်ပင် ဘ၀တွင် ဒွါဒလဂ်ပြတ်သုဉ်းတော့မည် မဟုတ်ပဲ သေလွန်သည့်အခါ အပါယ်သို့ပင် မကျရောက်နိုင်ဟု ရှေးအဌကထာ ဆရာတော်တို့က ဆိုခဲ့သည်။

စိုက်ပျိုးရမည့် သစ်ပင် ၁၂-ပင်မှာ (၁)ဗောဓိညောင်ပင် (၂) အင် (သို့) အုန်းပင် ၁-ပင် (၃) ကံကော် ၁-ပင် (၄) သီး ၂-ပင် (၅) လင်းလွန်း ၂-ပင် (၆) ထိန် (သို့) ဒန်း ၂-ပင် (၇) ပေါက် (သို့) ပေါက်ပန်းဖြူ ၂-ပင် …. စုစုပေါင်း ၁၂-ပင်စိုက်ပျိုးရပါမည်။ ဤသို့ တစ်ကြိမ်တစ်ခါ ဆောင်ရွက်ခြင်းဖြင့် ဒွါဒလဂ်သုဉ်းကိန်းမှ လွတ်မြောက်ပြီး ကောင်းကျိုးတရားများခံစားရမည်။ တစ်သက်တွင် တစ်ကြိမ် ဆောင်ရွက်ခြင်းဖြင့် ဤကိန်းကြောင့် ကြုံတွေ့ရမည့် အညံ့မှ လွတ်မြောက်ပြီး ကောင်းကျိုးတရားများခံစားရပေမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။