အကျိုးရှိရှိဘုရားရှိခိုးနည်း

Astrology Religion
အကျိုးရှိရှိဘုရားရှိခိုးနည်း

တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင် လူတစ်သိန်း ကျွေးရတာနဲ့ညီမျှတဲ့ ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း ရှိပါတယ် ။

ဘယ်လို ဘုရားရှိခိုးရမလဲဆိုတော့…

“မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသောဘုရား ၊တရား ၊ သံဃာအား လှူဒါန်းပါ၏ ဘုရား”(တစ်ကြိမ် ရှိခိုးပါ ။)

“ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသောဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား”(တစ်ကြိမ် ရှိခိုးပါ။)

“အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား ၊ တရား ၊ သံဃာအားလှူဒါန်းပါ၏ဘုရား”(တစ်ကြိမ် ရှိခိုးပါ ။)ဤသို့အားဖြင့် ရတနာသုံးပါးကိုသုံးကြိမ် သုံးခါ ရှိခိုးပူဇော်ပါ ။အင်မတန် အကျိုးများတဲ့ ဘုရားရှိခိုးနည်းပါ ။

ဘာကြောင့်လဲဆိုတော့…မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်းပွားတာက ဝိပဿနာပါ ။(မမြဲခြင်း ၊ ဆင်းရဲခြင်း ၊ အစိုးမရခြင်း ။)

ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်း ဖြစ်တဲ့တရား ၊ ကိလေသာ ကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာက သမထပါ ။လှူဒါန်းပါ၏ ဆိုတာက ဒါနပါ ။
ဒါနရော ၊ သမထရော ၊ ဝိပဿနာရောကုသိုလ်အကုန် ပါသွားတဲ့ ဘုရားရှိခိုးနည်းပါ ။

{“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”}

ရေးသားသူ – သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။