ခန္ဓာကိုယ်အေးမြစေဖို့ တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ ကိရိယာတီထွင်ခဲ့သူ(ရုပ်/သံ)

International News Tech
ခန္ဓာကိုယ်အေးမြစေဖို့ တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ ကိရိယာတီထွင်ခဲ့သူ(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခန္ဓာကိုယ်အေးမြစေဖို့ တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ ကိရိယာတီထွင်ခဲ့သူ(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အေးမြစေဖို့ တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ ကိရိယာတီထွင်ခဲ့သူ(ရုပ်/သံ)

ဂျပန်လူမျိုးတီထွင်သူတစ်ဦးက တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ကိရိယာကို ဖန်တီးခဲ့ပါတယ်။ သူကတော့ ခါဇူယာ ရှီဘာတာဆိုသူပါ။ ဒီကိရိယာက သူ့ရဲ့တီထွင်ဖန်တီးမှုတွေထဲမှာတစ်ခုပါပဲ။ တီရှပ်ကို တဖျပ်ဖျပ်လှုပ်ခတ်နေစေတဲ့အတွက် နွေရာသီမှာဆိုရင် ခန္ဓာကိုယ်ကို အေးမြနေစေမှာပါ။

ဘောင်းဘီရှေ့ဘက်မှာ ချိတ်ထားလိုက်တာနဲ့ Arduino (အာဒူရီနို) ထိန်းချုပ်ထားတဲ့ ကိရိယာက အလုပ်လုပ်ပါတယ်။ အဲဒီမှာပါတဲ့ သံလိုက်က တီရှပ်ကိုထိန်းထားပြီး ကိရိယာက ရှေ့တိုးလိုက်နောက်ဆုတ်လိုက်လုပ်လိုက်တာကြောင့် တီရှပ်က တဖျပ်တဖျပ်လှုပ်ခတ်သွားတာပါ။

ခါဇူယာက သူ့ရဲ့ဖော်လိုဝါတွေကို ဒီကိရိယာနဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိရင် ဖြေရှင်းနိုင်ဖို့အတွက် သူ့Website  https://www.seevua.com/ရဲ့ Message form ကတဆင့် အကြံပြုပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/lpGTV

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။