Slyvester Stallone ရဲ့ Rambo ကို Bollywood remake အဖြစ် ဖန်တီးသွားမယ်

Celebrity International News
Slyvester Stallone ရဲ့ Rambo ကို Bollywood remake အဖြစ် ဖန်တီးသွားမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Slyvester Stallone ရဲ့ Rambo ကို Bollywood remake အဖြစ် ဖန်တီးသွားမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Slyvester Stallone ရဲ့ Rambo ကို Bollywood remake အဖြစ် ဖန်တီးသွားမယ်

သရုပ်ဆောင် Slyvester Stallone ရဲ့ Rambo ဇာတ်ကောင်နဲ့ Rambo ရုပ်ရှင်တွေဟာ အက်ရှင်ရုပ်ရှင်တွေကြားမှာ ယနေ့အထိရေပန်းစားနေပါတယ်။
Rambo ကို Bollywood က remake အဖြစ်ရိုက်ကူးဖို့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက တရားဝင်ကြေညာခဲ့ပေမယ့်လည်း ယခုအခါမှာတော့ Rambo remake ဟာ အမှန်တကယ်ဖြစ်လာဖို့အလားအလာပိုများလာနေပါတယ်။

PinkVilla နဲ့ Times of India တို့ရဲ့ သတင်းအရ Rambo Remake မှာ Bollywood သရုပ်ဆောင် Tiger Shroff က Rambo နေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ပြီး Janhvi Kapoor လည်း ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ Rambo remake ကို War နဲ့ Pathaan ဒါရိုက်တာ Siddharth Anand က ထုတ်လုပ်သူအဖြစ် တာဝန်ယူကာ Judwaa 2, Shehzada ဒါရိုက်တာ David Dhawan က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပေးမှာဖြစ်ကြောင်း အဆိုပါသတင်းအရ သိရပါတယ်။ Shehzada ဟာ ယခုနှစ်မှာရုံတင်ခဲ့တဲ့ ဝင်ငွေအရအရှုံးပေါ်ခဲ့တဲ့ Bollywood remake ရုပ်ရှင်ဖြစ်ပါတယ်။

Rambo remake ရဲ့ ဇာတ်လမ်းသဘောကတော့ အိန္ဒိယတပ်ဖွဲ့တစ်ခုရဲ့နောက်ဆုံးကျန်ရစ်တဲ့စစ်သားတစ်ယောက်အကြောင်း ပြသမှာဖြစ်ပြီး Baaghi နဲ့ War သရုပ်ဆောင် Tiger Shroff ဟာ Rambo ဇာတ်ကောင်အတွက် နိုင်ငံတကာက lat natပညာရှင်တွေရဲ့ညွှန်ကြားမှုအတိုင်း လေ့ကျင့်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

Rambo remake ကို ၂၀၂၅ မှာ ပြသဖို့ရည်ရွယ်နေပြီး ၂၀၂၄ ဇန်နဝါရီမှာ ရိုက်ကူးရေးစတင်ဖို့ပြင်ဆင်နေကြောင်း Times of India ရဲ့ သတင်းအရသိရပါသေးတယ်။ ဒီကြားထဲမှာတော့ Tiger Shroff ဟာ Bade Miyan Chote Miyan နဲ့ Ganpath Part 1 အတွက် ပြင်ဆင်နေရသလို Janhvi Kapoor ဟာလည်း Mr and Mrs Mahi, Ulajh နဲ့ Devara ရုပ်ရှင်တွေကို အပြီးသတ် ရိုက်ကူးပေးရမှာပါ။

Slyvester Stallone ရဲ့ Rambo ဟာ First Blood ကနေ Rambo: The Last Blood အထိ စုစုပေါင်း ၅ ကားအထိရှိပြီး Bollywood ဟာ ဒီ ၅ ကားစလုံးကို remake မလားဆိုတာကတော့ မသိရသေးပါဘူး။ သေချာတာတစ်ခုကတော့ Tiger Shroff ရဲ့ ဖခင် Jackie Shroff နဲ့ Janhvi Kapoor ရဲ့ မိခင် Sridevi တို့ Karma နဲ့ Roop Ki Rani Choron Ka Raja တို့မှာ အတူတူသရုပ်ဆောင်ခဲ့သလို Tiger Shroff နဲ့ Janhvi Kapoor တို့ကိုလည်း Rambo remake မှာ အတူတူတွေ့ရတော့မှာပါ။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။