ချစ်ဇနီးနဲ့အတူ သူငယ်ချင်းကျော်ကျော်ဗိုလ်တို့ဇနီးမောင်နှံရဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ နေတိုး

Celebrity Local News
ချစ်ဇနီးနဲ့အတူ သူငယ်ချင်းကျော်ကျော်ဗိုလ်တို့ဇနီးမောင်နှံရဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ နေတိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်ဇနီးနဲ့အတူ သူငယ်ချင်းကျော်ကျော်ဗိုလ်တို့ဇနီးမောင်နှံရဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ နေတိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်ဇနီးနဲ့အတူ သူငယ်ချင်းကျော်ကျော်ဗိုလ်တို့ဇနီးမောင်နှံရဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ နေတိုး

ပရိသတ်ကြီးရေ… မင်းသားချောနေတိုးကတော့ အနုပညာလောကရဲ့
လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ နံပါတ်တစ်မင်းသား တစ်ယောက်ပါပဲ။ နေတိုးဟာ သူ့ရဲ့ ဘဝတစ်သက်တာ လုံးမှာ အနုပညာအလုပ်တွေကိုသာ စိတ်နှစ်ခဲ့တာ ကြောင့် အိမ်ထောင်ရေးကို အသက်လေးဆယ်ကျော်မှ စဉ်းစားနိုင်ခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကိုလည်း အသက်လေးဆယ်ကျော်မှရရှိပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဇနီးမယား သားသမီးနဲ့ ကိုယ်ပိုင်မိသားစုဘဝ လေးကို ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ နေတိုးဟာ အခုဆိုရင် ဘယ်သွားသွား စုံတွဲလေးနဲ့ ဖြစ်နေပြီပဲဖြစ်ပါတယ်။ အောက်တိုဘာလ (၃) ရက်နေ့မှာလည်း နေတိုး ကသူငယ်ချင်းကျော်ကျော်ဗိုလ်ရဲ့ဇနီး မဇာလေးရဲ့ မွေးနေ့ပွဲကို သူ့ရဲ့ချစ်ဇနီး သဲဆုမြတ်ရွှေကိုပါခေါ် ပြီး ပွဲ တက်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

နေတိုးကတော့ အရင်က ဘယ်ပွဲသွားသွား တစ်ယောက်တည်းဆိုပေမယ့် အခုဆိုရင် စုံတွဲလိုက် တက်ရောက်ချီးမြှင့်ပေးနေပြီပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း နေတိုးတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။