“ချစ်သူကောင်မလေးအကြောင်းပြောပြလာတဲ့ BTS’s Jungkook”

Celebrity International News
“ချစ်သူကောင်မလေးအကြောင်းပြောပြလာတဲ့ BTS’s Jungkook”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ချစ်သူကောင်မလေးအကြောင်းပြောပြလာတဲ့ BTS’s Jungkook” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ချစ်သူကောင်မလေးအကြောင်းပြောပြလာတဲ့ BTS’s Jungkook”

BTSအဖွဲ့ဝင် Jungkook ဟာ Stationhead ရှိသူရဲ့ live မှာ ARMY တစ်ဦးမှ “Jungkook ဆီမှာ ကောင်မလေးရှိနေပြီလား”လို့မေးခဲ့ပါတယ်။ဒီမေးခွန်းအပေါ် Jungkook မှ “ကျွန်တော်ကောင်မလေးရှိလားဆိုရင်မရှိပါဘူး ဘာလို့လဲဆို ကျွန်တော့်မှာ ARMY လေးတွေရှိတယ်လေ သူတို့ကိုပဲကျွန်တော်ဂရုစိုက်ပါတယ်၊ သူတို့လေးတွေကိုပဲချစ်ပါတယ် ARMY တွေကသာကျွန်တော့်ကောင်မလေးပါပဲ ဒီလိုပြောရတာဘာကြောင့်လဲဆိုရင်ကျွန်တော်က “Armybaragi” မို့ပါပဲ။ ဒါကြောင့်ဒီမေးခွန်းကိုမေးနေစရာမလိုဘူးထင်ပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးတော့ Jungkook ဟာ ” Army တို့ရေ မင်းတို့ဟာ ငါ့ရဲ့ကောင်မလေးတွေ ဖြစ်တာကြောင့် မင်းကောင်လေးကဘယ်သူလဲမေးလားရင် “Jungkook” ပါလို့ ပြောပြလိုက်ပါ၊ ကျွန်တော့် dating အချစ်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီးလဲ ဘာမှခေါင်းထဲမထားပါနဲ့ သူတို့ကိုထားခဲ့လိုက် သူတို့ကအာရုံစိုက်ခံချင်တာလေ ဒီတော့သူတို့လိုချင်တဲ့အာရုံစိုက်ခံရတာလေးပေးပြီး ထွက်လာခဲ့လိုက်၊ မင်းတို့အားလုံးကိုချစ်တယ် ARMY တို့ရေ”လို့ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်ခန့်တည်းက”Jungkook”တစ်ယောက် ကောင်မလေးရှိနေပြီလားလို့ လူအများက စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ “Jungkook”ဟာအချစ်ရေးကိုစိတ်ဝင်စားဖွယ်မရှိသေးပဲ သူအောင်မြင်ဖို့ရာ အတွက်သာအားစိုက်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ “Jungkook” ဟာစက်တင်ဘာ(၂၉)ရက်နေ့ကလဲ “3D” သီချင်းကို အမေရိကန် rap အဆိုတော် “Jack Harlow”နဲ့အတူထုတ်လုပ်ထားပြီး GOLDEN album လာဖို့ရှိနေပါတယ်။

ရေးသားသူ –POP PLUS

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။