ကုန်းမြေထုနှစ်ခုကြား တည်ရှိနေသလိုဖြစ်နေတဲ့ ကမ်းခြေသွားရာ လမ်းလေး

International News
ကုန်းမြေထုနှစ်ခုကြား တည်ရှိနေသလိုဖြစ်နေတဲ့ ကမ်းခြေသွားရာ လမ်းလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုန်းမြေထုနှစ်ခုကြား တည်ရှိနေသလိုဖြစ်နေတဲ့ ကမ်းခြေသွားရာ လမ်းလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကုန်းမြေထုနှစ်ခုကြား တည်ရှိနေသလိုဖြစ်နေတဲ့ ကမ်းခြေသွားရာ လမ်းလေး

အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် ဘာလီကျွန်းမှာ ကမ်းခြေကိုသွားရာလမ်းဟာ ကမ္ဘာ့ကုန်းမြေထု နှစ်ခုကြား တည်ရှိနေသလို ပုံစံမျိုးကြောင့် အွန်လိုင်းမှာ ကျော်ကြားပါတယ်။

ပန်ဒါဝါကမ်းခြေဟာ ဖြူဖွေးတဲ့သဲပြင်နဲ့ ပြာလဲ့နေတဲ့ ရေပြင်တွေကြောင့် ဘာလီကျွန်းရဲ့ အလှဆုံးကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်အထိ ဒေသခံတွေကြားပဲ ရေပန်းစားပြီး ကမ္ဘာလှည့်ခရီးသွားတွေ အရောက်အပေါက် နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထုံးကျောက်တောင်တွေပေါ်ကနေ ဖြတ်သန်းသွားရတဲ့ အခက်အခဲကြောင့်ပါပဲ။

၂၀၁၁ ခုနှစ်မှာတော့ ထုံးကျောက်တောင်ကို ထိုးဖောက်ပြီး လမ်းဖောက်ခဲ့တာပါ။ မြင့်မားမတ်စောက်တဲ့ ထုံးကျောက်တောင်နှစ်ခုကြားမှာ ရှိနေတဲ့ လမ်းလေးဟာ ကုန်းမြေထု နှစ်ခုကို ပိုင်းခြားထားတဲ့လမ်းလေးလို့ ထင်စရာပါပဲ။ ရှုခင်းနဲ့အတူ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေကတော့ ဒီလမ်းလေးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ် တင်ကြလေ့ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။