တေလာဆွစ်ဖ်ရဲ့”Taylor Swift | The Eras Tour” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ဘီယွန်းစေး

Celebrity International News
တေလာဆွစ်ဖ်ရဲ့”Taylor Swift | The Eras Tour” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ဘီယွန်းစေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တေလာဆွစ်ဖ်ရဲ့”Taylor Swift | The Eras Tour” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ဘီယွန်းစေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တေလာဆွစ်ဖ်ရဲ့”Taylor Swift | The Eras Tour” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ဘီယွန်းစေး

ဂရမ်မီဆုအများကြီးရရှိထားတဲ့အဆိုတော် ဘီယွန်းစေးဟာ ပေါ့ပ်ဘုရင်မအဆိုတော်တေလာဆွစ်ဖ်ရဲ့ “Taylor Swift | The Eras Tour” ရုပ်ရှင်အသစ်ရဲ့ အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့ပါတယ်။ သူတို့နှစ်ဦးအတူတူ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြပါတယ်။ ပွဲပြီးတဲ့နောက်မှာ တေလာကလည်း ဘီယွန်းစေး အခုလို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

“ဘီယွန်းစေးရဲ့လွှမ်းမိုးမှုမပါဘဲ ကျွန်မရဲ့ဘဝ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး။ အခုလိုတက်ရောက်လာပေးခဲ့လို့ အရမ်းဝမ်းသာမိတယ်။ သူက ကျွန်မနဲ့ အနုပညာရှင်တိုင်းကို ဖျော်ဖြေရေးလောကစံနှုန်းတွေကို သင်ကြားပေးခဲ့တယ်။ သူ့ရဲ့ရက်ရောတဲ့စိတ်ဓာတ်တွေ၊ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ စွယ်စုံလုပ်နိုင်စွမ်းတွေပါပဲ။ ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်မှာ လမ်းပြအလင်းရောင်တစ်ခုဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

“Taylor Swift | The Eras Tour” ရုပ်ရှင်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ စပြီးရုံတင်ပြသမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ကမ္ဘာတစ်ဝှမ်းမှာ ကြိုတင်လက်မှတ်တွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။