ကလေး(၃)ယောက်အမေနဲ့ တွဲနေတယ်ဆိုပြီး ပုံတွေနဲ့တကွ သတင်းတွေတက်နေတဲ့ သရုပ်ဆောင်တိုင်ရွန်

Celebrity Local News
ကလေး(၃)ယောက်အမေနဲ့ တွဲနေတယ်ဆိုပြီး ပုံတွေနဲ့တကွ သတင်းတွေတက်နေတဲ့ သရုပ်ဆောင်တိုင်ရွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေး(၃)ယောက်အမေနဲ့ တွဲနေတယ်ဆိုပြီး ပုံတွေနဲ့တကွ သတင်းတွေတက်နေတဲ့ သရုပ်ဆောင်တိုင်ရွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေး(၃)ယောက်အမေနဲ့ တွဲနေတယ်ဆိုပြီး ပုံတွေနဲ့တကွ သတင်းတွေတက်နေတဲ့ သရုပ်ဆောင်တိုင်ရွန်

တိုင်ရွန်ကတော့ မော်ဒယ်မင်းသားတစ်ယောက်အဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်ရံခြင်းခံနေ ရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောက်ျားလေးပရိသတ်တွေရဲ့အားကျခြင်းကိုလည်းခံနေရသူဖြစ်ပါတယ်။MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် (၂)”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်အားပေးသူပရိသတ်ပိုမိုရရှိခဲ့ပြီး“သတိအန္တရာယ်ရှိသည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ တက်သစ်စတစ်ဦးအနေနဲ့ ခက်ခဲတဲ့ ဗီလိန်ကာရိုက်တာကိုလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

တိုင်ရန်က “ငါတို့သည်” ရုပ်ရှင် ဇာတ်ကားကိုအလင်းရောင် ထန်းကိုကို၊ ခါရာ ၊ သိန်းလင်းစိုး၊နေရဲ၊ ရွှေသမီး၊ ရွှေပိုးအိမ် တို့နဲ့အတူ သရုပ်ဆောင် ထားပြီး သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ နေခြည်ဦးနဲ့အတူပါဝင်ရုပ်ဆောင် ထားတဲ့ ပုရိသ ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်ရဲ့ ကြိတ်ကြိတ်တိုးအားပေးမှုကိုရရှိခဲ့ပါသေးတယ်။

မကြာသေးခင်း ရက်ပိုင်းအတွင်းက အင်တာဗျူးတစ်ခုမှာ ချစ်သူ ရှိနေတဲ့အကြောင်းကို ပြောပြသွားခဲ့ပါသေးတယ်.. ပြီးနောက်မကြာခင်မှာပဲ ရုတ်တရပ်ဆိုသလို ဟိုတယ်အခန်းမှာ အမျိုးသမီး တစ်ယောက်နဲ့ ရိုက်ထား တဲ့ ပုံတွေထွက်ပေါ်လာတာ ပဲဖြစ်ပါတယ်.. ထိုပုံတွေနဲ့ ပက်သက်ပီး လူမှု့ ကွန်ယက်မှာ ဂယက်ထနတာပဲဖြစ်ပါတယ် ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။