စျေးရောင်းကောင်းစေရန်ယတြာ

Astrology
စျေးရောင်းကောင်းစေရန်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် ယတြာ လေးကတော့ စျေးရောင်းကောင်းစေရန်ဆိုတဲ့ ယတြာ လေးပဲ ဖြစ်ပါတယ်။

စျေးရောင်းကောင်းစေရန်ယတြာ

စျေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရသော စီးပွားရှာရသော သူများအနေဖြင့် မိမိတို့၏ ဆိုင် လူဝင်လူထွက် စည်ကားစေ၊ ရောင်းပန်းပွင့်လန်းစေ၊ ရွှင်လန်းစေရန်အတွက် လုပ်ဆောင်သင့်သော ယတြာတစ်ခုဖြစ်သည်။

လုပ်ဆောင်ရန်…

မည်သည့်နေ့မဆို နံနက် ၆:၀၀ နာရီအချိန်တွင် ဖန်ခွက်တစ်ခွဲ ရေထည့်ပြီး နေ့စဉ် ဓာတ်ပန်းများကို လဲလှယ်ထိုးစိုက်ကာ ဆိုင်၏ ကောင်တာ၊ စားပွဲပေါ်၌ တင်ပေးထားရမှာ ဖြစ်ပါတယ်။

နေ့အလိုက် ထိုးစိုက်ရမည့် ဓာတ်ပန်းများမှာ

တနင်္ဂနွေနေ့အတွက် သီဟိုဠ်ညွန့်၊ သပြေညွန့်။
တနင်္လာနေ့အတွက် နှင်းဆီပန်း၊ နှင်းပန်း။
အင်္ဂါနေ့အတွက် အုန်းညွန့်၊ အုန်းပန်း။
ဗုဒ္ဓဟူးနေ့အတွက် ဂန္ဓမာပန်း၊ ကံကော်ညွန့်။
ကြာသပတေးနေ့အတွက် စံပယ်ပန်း၊ ဆီးညွန့်။
သောကြာနေ့အတွက် ရွတ်လှပန်း၊ ဝါးညွန့်။
စနေနေ့အတွက် မေမြို့ပန်း၊ ပျဥ်းမညွန့်။

စသည့်ဓာတ်ပန်းများကို သူ့နေ့နှင့်သူ ထိုးစိုက်ပေးထားက အတိုက်အခံ ရန်သူနည်းပါးခြင်း၊ အရောင်းအဝယ်ကောင်းမွန်ကာ အမြတ်အစွန်းတိုးပွားခြင်း စသည့်အကျိုးခံစားရမည်ဖြစ်သည်။

ရေးသားသူ –Htet_Myat_Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။