Halloween မှာ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့တဲ့ ဇူကာဘတ်တို့မိသားစု

Celebrity International News
Halloween မှာ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့တဲ့ ဇူကာဘတ်တို့မိသားစု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Halloween မှာ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့တဲ့ ဇူကာဘတ်တို့မိသားစု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Halloween မှာ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့တဲ့ ဇူကာဘတ်တို့မိသားစု

Meta စီအီးအို မက်ခ် ဇူကာဘတ်ဟာ ဟောလိုးဝင်းပွဲတော်နေ့က သူ့မိသားစုနဲ့အတူ ဆင်နွှဲခဲ့တာပါ။ သူတို့တစ်မိသားစုလုံးက ဟောလိုးဝင်းဝတ်စုံအနေနဲ့ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့ကြပါတယ်။ သူက ပရော်ဖက်ဆာ ဒမ်ဘယ်ဒေါအဖြစ် ဝတ်ဆင်ခဲ့ပြီး ဇနီးဖြစ်သူက ပရော်ဖက်ဆာ မင်နာဗာ မက်ဂေါနဂေါအဖြစ် ဝတ်ဆင်ခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့သမီးလေးတွေကတော့ ဒေါ့ဘီ၊ ဂျင်နီ ဝီစလေ၊ ဟယ်မွိုင်နီ ဂရိန်ဂျာဇာတ်ကောင်တွေအဖြစ် ဝတ်ဆင်ခဲ့ကြတာပါ။ ဇူကာဘတ်က သူတို့ရဲ့ဟောလိုးဝင်းပွဲတော်ဆင်နွှဲနေတဲ့ပုံတွေကို “မှော်ဆန်တဲ့ ဟောလိုးဝင်းလေးဖြစ်ပါစေလို့ ဘေဘီဒေါ့ဘီ၊ ဟယ်မွိုင်နီ၊ ဂျင်နီ၊ ပရော်ဖက်ဆာ မက်ဂေါနဂေါ၊ ပရော်ဖက်ဆာ ဒမ်ဘယ်ဒေါတို့က ဆုတောင်းပေးပါတယ်” ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း သူတို့မိသားစုရဲ့ပုံတွေကို ကောင်းတဲ့မှတ်ချက်တွေပြုပေးခဲ့ကြပါတယ်။ ဇူကာဘတ်ဟာ သူ့ရဲ့ကလေး ၃ ဦးနဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို လူမှုကွန်ယက်ပေါ်မှာ မကြာခဏ မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေလည်း အသိပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။