အံ့မိခြင်း

Astrology
အံ့မိခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အံ့မိခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အံ့မိခြင်း

အံ့မိတယ်ဆိုတာဘာဖြစ်တာလဲ
အရောင်းအဝယ်တွေကောင်းနေရင်းကနေ……
ဗြုန်းကနဲ လာဘ်တွေတိတ်သွားတယ်။
စျေးရောင်းအား ကျသွားတယ်။
ငွေတွေဝင်နေရင်း ငွေဝင်ရပ်သွားတယ်။
ကျန်းမာရေးကောင်းနေရင်းကနေ ဖောက်သွားတယ်….
စသဖြင့်ပေါ့နော် … အကောင်းတွေကနေ
မကောင်းဖြစ်သွားတယ်ဆိုတာ
တစ်ကယ်တော့အံ့မိသွားတာပါ။

ဘာကြောင့်အံ့မိလဲဆိုတော့ …….ဥပမာ ကျွန်တော်အဝတ်အစားအသစ်ဝတ်တာမြင်ရင် ” ဟာ …လန်းနေပါလား…အဆင်ပြေနေပါလား လှလို့ ပလို့ ဝလို့ပါလား ”

အဲလို “အံ့ဩတကြီးပြောခံရရင် “အံ့မိပါတယ်ရွှေတွေငွေတွေနဲ့အပြင်သွားတယ်။အဲ့မှာကိုယ့်ကိုမြင်တဲ့သူတွေကဟာ…..နင်ကြည့်ကောင်းလာတယ်။စျေးတွေကိုယ်အရမ်းရောင်းနေရတဲ့အခါမှာဟာ…အရမ်းရောင်းရတယ်နော်မင်းကိုအားကျတယ်….အဲ့လိုမျိုးကိုယ့်ကိုပြောလာတဲ့စကားတွေကကာယကံရှင်ကို ထိပါတယ်အံ့မိစေပါတယ်…..

ကလေးလေးဝဝတုတ်တုတ်လေးကိုသနပ်ခါးအဖွေးသားလူးပီးရပ်ကွက်ထဲခေါ်သွားတော့ဘေးကလူတွေကဟယ်နင့်ကလေးလေးကဝတုတ်နေတာ ပဲ…..ချစ်စရာကြီးနော် အံ့သဩတကြီးချီးကျူးကြတယ်လေ။

အဲ့လိုဆိုအဲ့ကလေးဘာဖြစ်သွားလဲသိလား။နောက်ရက်နေမကောင်းဖြစ်တာပဲ။အဲ့လိုလုပ်မပြောစေချင်ဘူး ။ မလုပ်စေချင်ဘူး တားလို့မရပါဘူး။ပုထုစဉ်လူသားတွေမို့မပြောပဲလည်းမနေနိုင်ကြပါဖူး။ကိုယ့်ကိုလာပြောတဲ့လူတွေကိုလည်းအဲ့လိုလာမပြောနဲ့လို့လိုက်ပြောနေရင်ပါးချသွားမှာအဲလိုမပြောမိအောင် မုဒိတာပွားပေးရပါတယ်။

သူလှတာက ကုသိုလ်ကောင်းလို့ လှတာ ဒီထက်မကလှပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ အဲလိုလေး မုဒိတာပွားပြီးဝမ်းသာပေးရပါတယ်။
အဲဒီမုဒိတာစိတ်လေးဟာ တူသောအကျိုးကို ကိုယ်လည်းထပ်တူရပါတယ်။ အံ့မိရင်ဘယ်လိုလုပ်ရမလဲဆိုတော့အံ့မိရင်လွတ်အောင်လုပ်တဲ့နည်းရှိပါတယ်။

ထမင်း ပူပူနွေးနွေး တစ်ပန်းကန် ခူး။ ကြက်ဥပြုတ် တစ်လုံး အခွံနွာ ထည့်။ နှင်းဆီပန်း အနီရဲရဲ တစ်ပွင့်ကနေ ပွင့်ဖတ်တွေ ခြွေယူပြီး ထမင်းပေါ် ပွင့်ဖတ်တွေ ဖြူးပါ….

အဲဒီ ပန်းကန်ကို အမြင့် တစ်နေရာမှာ တင်ကာ
အံ့မိခြင်းနှင့် ဆိုင်သော နတ်များအား ကပ်လှူပါသည်။

ဘုရားကျောင်းဆောင်ပေါ် မတင်ရပါဘူး အံ့မိခြင်း၊ ခမည်းလိုခြင်း စသည့်အထွေထွေမှ အကျွန်ပ်မှ အစပြု၍ တစ်မိသားစုလုံး ကင်းလွတ်ငြိမ်းရပါလို၏ ။

အဲလို ပြောပြီး ကပ်ရပါမယ်။ အနည်းဆုံး ခြောက်နာရီတော့ ထားပေးပါ ။ ခြောက်နာရီကျော်ရင် စွန့်။ စွန့်ပြီးရင် ဘယ်သူမှ မစားရပါဘူးနော်…….အားလုံးပဲအလုပ်အကိုင်တွေအဆင်ပြေပီး စီးပွားတိုးတက်အဆင်ပြေကြပါစေ……အံ့မိခြင်းကင်းကြပါစေ…..

အနုပညာလောကမှာရှိသောသူများအတွက်မော်ဒယ်လ်များ၊သီချင်းဆိုသူများ၊၊ဖက်ရှင်ရှိုးလျှောက်သူအနုပညာဖြင့်အသက်မွေးဝမ်းပြုသူများ အားလုံးမှာရင်ထဲမှာတုန်လှုပ်ခြောက်ခြားခြင်း ဘာမှန်းမသိတခုခုထိတ်လန့်ခြောက်ခြားခြင်း စိုးရိမ်ပူပန်ခြင်း ဒေါသထွက်ထွက်ခြင်းစိတ်တိုနေခြင်း အဲသလို မကြာ မကြာ ဖြစ်နေတတ်ပါတယ်။ အဲလိုဖြစ်နေခြင်းဟာ အံ့မိနေခြင်းကြောင့်ဖြစ်ပါတယ်။

အဲလိုတွေဖြစ်နေခဲ့ရင် အခုအံ့မိခြင်းယတြာကို8ရက် တခါဖြစ်စေ 15 ရက်တခါဖြစ်စေ လုပ်ဆောင်ပါ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။