A24 ကုမ္ပဏီက ထုတ်လုပ်သွားမယ့် Elon Musk အတ္ထုပ္ပတ္တိရုပ်ရှင်

Celebrity International News
A24 ကုမ္ပဏီက ထုတ်လုပ်သွားမယ့် Elon Musk အတ္ထုပ္ပတ္တိရုပ်ရှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ A24 ကုမ္ပဏီက ထုတ်လုပ်သွားမယ့် Elon Musk အတ္ထုပ္ပတ္တိရုပ်ရှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

A24 ကုမ္ပဏီက ထုတ်လုပ်သွားမယ့် Elon Musk အတ္ထုပ္ပတ္တိရုပ်ရှင်

Space X, Tesla နဲ့ X (ယခင် Twitter) ပိုင်ရှင် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Elon Musk အကြောင်း အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ကားကို indie ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ A24 ကုမ္ပဏီက ထုတ်လုပ်ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။

CNN ဥက္ကဌဟောင်း Walter Isaacson ရေးသားထားတဲ့ Elon Musk စာအုပ်ကိုအခြေတည်ကာ Elon Musk အတ္ထုပ္ပတ္တိရုပ်ရှင်ကို ရိုက်ကူးသွားမှာဖြစ်ပြီး Walter Isaacson ကပဲ ဇာတ်ညွှန်းရေးသားကာ The Whale နဲ့ Black Swan ဒါရိုက်တာ Darren Aronofsky က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးသွားမှာပါ။

Walter Isaacson ရေးသားခဲ့တဲ့ Apple တည်ထောင်သူ Steve Jobs အကြောင်း စာအုပ်ကိုလည်း Universal က ၂၀၁၅ မှာ ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပါသေးတယ်။
နည်းပညာလောကရဲ့အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဘီလျံနာ Elon Musk အကြောင်းရုပ်ရှင်ရဲ့ ပြသရက်နဲ့အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။