စရိတ်သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မီးဘေးကာကွယ်ရေးစနစ်သစ်ကို တီထွင်ခဲ့တဲ့ ၁၂ နှစ်အရွယ် ကျောင်းသူ သိပ္ပံပြပွဲမှာ ပထမဆု ဆွတ်ခူး

International News Tech
စရိတ်သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မီးဘေးကာကွယ်ရေးစနစ်သစ်ကို တီထွင်ခဲ့တဲ့ ၁၂ နှစ်အရွယ် ကျောင်းသူ သိပ္ပံပြပွဲမှာ ပထမဆု ဆွတ်ခူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စရိတ်သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မီးဘေးကာကွယ်ရေးစနစ်သစ်ကို တီထွင်ခဲ့တဲ့ ၁၂ နှစ်အရွယ် ကျောင်းသူ သိပ္ပံပြပွဲမှာ ပထမဆု ဆွတ်ခူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စရိတ်သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မီးဘေးကာကွယ်ရေးစနစ်သစ်ကို တီထွင်ခဲ့တဲ့ ၁၂ နှစ်အရွယ် ကျောင်းသူ သိပ္ပံပြပွဲမှာ ပထမဆု ဆွတ်ခူး

ဈေးကွက်ထဲမှာ လက်ရှိသုံးနေတဲ့ မီးခိုးငွေ့အာရုံခံကိရိယာ(smoke detector)ထက် ပိုမြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာ၊ စိတ်ချယုံကြည်ရတဲ့ မီးဘေးကာကွယ်ရေးစနစ်သစ်ကို တီထွင်နိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် အလယ်တန်းကျောင်းသူလေးဟာ သိပ္ပံပြပွဲမှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ဆွတ်ခူးသွားခဲ့ပါတယ်။

Thermo Fischer Junior Innovator’s Challenge သိပ္ပံပြပွဲဟာ အမေရိကန်နိုင်ငံရဲ့ အလယ်တန်း ပညာရေးအဆင့်မှာ အကြီးမားဆုံး သိပ္ပံပြပွဲ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့ Miller Middle School ကျောင်းသူ ရှန်ယာဂီးလ်က ပထမဆု ဆွတ်ခူးသွားခဲ့တာပါ။

၂၀၂၂ ခုနှစ် နွေရာသီမှာ ရှန်ယာဂီးလ်တို့ အိမ်နောက်ဖေးက စားသောက်ဆိုင် မီးလောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ သူက မီးဘေးကာကွယ်ရေးစနစ်သစ် တီထွင်ဖို့ စိတ်ကူးမိခဲ့တာပါ။ သူ့ရဲ့စနစ်မှာ အပူအာရုံခံကင်မရာကို ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတာပါ။ ရေပြင်ညီအတွင်း ရွေ့လျားနေတဲ့ အပူချိန်မြင့် ကိရိယာတွေနဲ့ မီးလောင်ကျွမ်းနေတဲ့ ဇစ်မြစ်ကို ခွဲခြားရှာဖွေတာ ဖြစ်ပါတယ်။

ရှန်ယာရဲ့စနစ်ဟာ မီးလောင်ကျွမ်းနေတဲ့ နေရာမှာ လူ ရှိ၊ မရှိဆိုတာကို ၉၈ ရာခိုင်နှုန်း၊ မီးလောင်ကျွမ်းနေတဲ့ ဇစ်မြစ်ကို ၉၇ ရာခိုင်နှုန်းအထိ တိကျစွာ ခွဲခြားဖော်ထုတ်ပေးနိုင်ပါတယ်။ မီးလောင်ကျွမ်းနေတဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်ပြီး အဲဒီနေရာမှာ ၁၀ မိနစ်ကြာအထိ လူမရှိဘူးဆိုရင်တော့ မက်ဆေ့ ပို့ပေးမှာ ဖြစ်ပါတယ်။

မီးခိုးငွေ့အာရုံခံကိရိယာဟာ မီးခိုးငွေ့များများ ထွက်မှ အချက်ပေးတာဖြစ်ပြီး အချက်ပေးသံ မထွက်ခင်မှာပဲ မီးအားကောင်းနေလို့ ထိန်းချုပ်မရ ဖြစ်နိုင်တယ်လို့ ရှန်ယာက ဆိုပါတယ်။ ရှန်ယာဟာ သူ့ရဲ့ မီးဘေးကာကွယ်ရေးစနစ်သစ်ကို smartphone app နဲ့ ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်သွားဖို့ စီစဉ်နေပါပြီ။ အဲဒီလို အဆင့်မြှင့်တင်လိုက်ရင် အချက်ပြမှု ရတာနဲ့ ဖုန်းထဲကနေ ကင်မရာကို ဖွင့်ကြည့်ပြီး မီးလောင်နေတာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်မှာပါ။

သူ့ရဲ့စနစ်သစ်ကို ဈေးကွက်ထဲ ရောင်းချနိုင်တဲ့အထိ များများစားစား ထုတ်လုပ်ရောင်းချနိုင်အောင်လည်း ဒီဇိုင်းဆွဲနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။