ဒေဝါလီပွဲတော်အပြီး အိန္ဒိယ မြို့တော် ‌ဒေလီ လေထုက ပိုဆိုးဝါးလာနေ

International News
ဒေဝါလီပွဲတော်အပြီး အိန္ဒိယ မြို့တော် ‌ဒေလီ လေထုက ပိုဆိုးဝါးလာနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေဝါလီပွဲတော်အပြီး အိန္ဒိယ မြို့တော် ‌ဒေလီ လေထုက ပိုဆိုးဝါးလာနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေဝါလီပွဲတော်အပြီး အိန္ဒိယ မြို့တော် ‌ဒေလီ လေထုက ပိုဆိုးဝါးလာနေ

မနေ့က ဒေဝါလီ ပွဲတော် ဆင်နွှဲကြပြီးတဲ့နောက် အိန္ဒိယ မြို့တော် ‌ဒေလီမှာ မီးခိုးမြူတွေ ထူထပ်စွာဖုံးနေသလို ကောင်းကင်ကမှောင်နေကာ လေထု အရည် အသွေးက ဆိုးဆိုးဝါးဝါး ကျဆင်းနေပါတယ်။

လေထု ညစ်ညမ်းနေတာကြောင့် ပွဲတော်မှာ ‌‌ဗျောက်အိုးတွေ မဖောက်ကြဖို့၊ မီးရှူး မီးပန်းတွေ မလွှတ်ကြဖို့ ပိတ်ပင်တားမြစ်ထားပေမဲ့ ညက ပွဲတော်နေ့မှာ မြို့ခံ အများအပြားက ဒီတားမြစ်ချက်တွေကို မလိုက်နာခဲ့ကြပါဘူး။

‌ဒေလီဟာ အဆိပ်အတောက်ပါတဲ့ လေထုနဲ့ ရင်ဆိုင်နေရတာ သီတင်းပတ် အတော် ကြာရှိနေပါပြီ။

အစိုးရက လေထုမညစ်ညမ်းစေရေး မူဝါဒတွေ ချထားပါတယ်။

ဒါပေမဲ့ အဲ့ဒါတွေကို အသက်ဝင်အောင် လုပ်တာက နည်းတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

မြို့တော်ဟာ မော်တော်ယာဉ်ကထွက်တဲ့ မီးခိုးတွေ၊ ဖုန်မှုန့်တွေကြောင့် တနှစ်ပတ်လုံး လိုလိုမှာ လေထု အရည်အသွေးက မကောင်းတာနဲ့ ကြုံနေရတာပါ။

အခုလို ဆောင်းရာသီချိန်မှာ ဘေးပတ်ဝန်းကျင် ပြည်နယ်တွေက လယ်တွေမှာ ကောက်ရိုးပြတ်တွေ မီးရှို့ချိန်မို့ ဒေလီရဲ့ လေထုအခြေအနေက ပိုပြီး ဆိုးလေ့ ရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။