လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံရတဲ့ သရုပ်ဆောင် Vin Diesel

Celebrity International News
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံရတဲ့ သရုပ်ဆောင် Vin Diesel

MCU ရဲ့ Kang သရုပ်ဆောင် Jonathan Majors အပြင် နောက်ထပ် MCU သရုပ်ဆောင်တစ်ဦးဟာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ထပ်မံတရားစွဲဆိုခံရတော့မှာဖြစ်ပါတယ်။

Guardians of the Galaxy နဲ့ Fast & Furious ရုပ်ရှင်တွေနဲ့ နာမည်ကျော်ရေပန်းစားနေတဲ့ သရုပ်ဆောင် Vin Diesel ကို ၎င်းရဲ့လက်ထောက်ဟောင်းတစ်ယောက်ဖြစ်သူက တရားစွဲဆိုလိုက်ပါတယ်။

Vin Diesel ရဲ့ အကူဖြစ်ခဲ့ဖူးသူ Asta Jonasson ဆိုသူက Vin Diesel ဟာ Fast Five ရိုက်ကူးစဥ် ၂၀၁၀ ကာလတုန်းက သူ(မ)အပေါ် လိင်ပိုင်းဆိုင်ရာလက်ရောက်ကျူးလွန်မှု ကျူးလွန်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ လော့စ်အိန်ဂျလစ်စ်အထက်ရုံးကိုလျှောက်လွှဲချက်တင်ထားတဲ့ တရားစွဲစာအရ Vin Diesel ဟာ ပါတီတစ်ခုကအပြန် St. Regis ဟိုတယ်မှာ Asta Jonasson ကို လိင်ပိုင်းဆိုင်ရာလက်ရောက်ကျူးလွန်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတရားစွဲစာအရ Vin Diesel ဟာ Asta Jonasson ကို အင်အားသုံးကာ အတင်းအကြပ်နမ်းရှုံ့ခြင်း၊ ရင်သားများကိုကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာ Vin Diesel က သူ(မ)ကိုဆက်လက်ကိုင်တွယ်ခြင်းများပြုလုပ်ခဲ့ကာ သူ(မ)ရဲ့အတွင်းအဝတ်အစားတွေကို ချွတ်ပစ်ဖို့ကြိုးစားခဲ့တာကြောင့် အော်ဟစ်ကာ အနီးဆုံးသန့်စင်ခန်းထဲကိုပြေးခဲ့ရကြောင်းနဲ့ ဒီကျူးလွန်မှုမှာ Asta Jonasson ဘက်က သဘောဆန္ဒမပါဝင်ပဲ Vin Diesel ဘက်က အဓမ္မပြုကျင့်ရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရပါတယ်။

အသေးစိတ်အချက်အလက်များအရ Vin Diesel ဟာ ၎င်းရဲ့ခန္ဓာကိုယ်နဲ့ Asta Jonasson ကို နံရံမှာညှပ်ဖမ်းခဲ့ကာ ၎င်းရဲ့လိင်တံကို Asta ရဲ့ လက်ထဲကို အတင်းအဓမ္မထည့်ကိုင်စေခဲ့ကြောင်းနဲ့ Asta ဘက်က Vin Diesel ကို တွန်းထုတ်ပြီး ရေချိုးခန်းဆီကိုပြေးတဲ့အခါမှာလည်း Vin Diesel ဆီမှာ ဒေါသထွက်နေတဲ့အရိပ်အယောင်များတွေ့ရကြောင်း သိရပါသေးတယ်။

အဲဒီအဖြစ်အပျက်အပြီး နာရီပိုင်းအကြာမှာ Asta Jonasson ဆီကို Vin Diesel ရဲ့ အစ်မတစ်ဖြစ်လဲ၊ One Race ကုမ္မဏီရဲ့တာဝန်ရှိသူလည်းဖြစ်တဲ့ Samatha Vincent က ဖုန်းဆက်ကာ Asta Jonasson ကို အလုပ်မှထုတ်ပယ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး Vin Diesel ရဲ့ အနုပညာအေဂျင်စီ CAA အပါအဝင် Vin Diesel ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဘက်က တစ်စုံတစ်ရာဖြေရှင်းလာခြင်းမရှိသေးပါဘူး။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။