ဖုန်းရွှေပညာရပ်အရသင့်အိမ်အဝင်မှာထားသင့်ရှိသင့်သောအရာများ

Astrology
ဖုန်းရွှေပညာရပ်အရသင့်အိမ်အဝင်မှာထားသင့်ရှိသင့်သောအရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖုန်းရွှေပညာရပ်အရသင့်အိမ်အဝင်မှာထားသင့်ရှိသင့်သောအရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖုန်းရွှေပညာရပ်အရသင့်အိမ်အဝင်မှာထားသင့်ရှိသင့်သောအရာများ

သင့်အိမ်ဂေဟာက လှည်းဦးတိုက် လှေဦးတိုက်လို မကောင်းသော အင်နာဂျီများ ၀င်ရောက်နိုင်တယ်လို့ ခံစားရရင် မှန်အဝိုင်းလေး တစ်ချပ်ကို သင့်ခြံတံခါး၀ သို့မဟုတ် သင့်အိမ်အ၀င်တံခါး၀မှာ တပ်ထားလိုက်ပါ ။

တစ်စုံတစ်ယောက်က သင့်အိမ်က မိသားစုဝင်များကို ကျိန်စာ အပါအဝင် မကောင်းတာ တစ်ခုခု လုပ်တယ်လို့ ခံစားရရင် ( အိမ်က မိသားစုဝင်များ မကြာခဏ ဖျားနာတာ ၊ အချင်းချင်းရန်ဖြစ်တာ ၊ မိသားစုဝင်တချို့ တချိန်ထဲမှာ အလုပ်ပြုတ် စီးပွားကျတာမျိုး ဖြစ်ခဲ့ရင် ) သံပုရာသီး အစိမ်းရောင်တစ်လုံးကိုဝယ်ပါ ၊ သံအသစ်တစ်ချောင်းနဲ့ အိမ်အဝင်တံခါးဝမှာ ရိုက်ထားလိုက်ပါ ။ သဘာဝအတိုင်းဆိုရင် အချိန်ကြာမှ သံပရာသီးက ခြောက်သွားပါတယ် ။ တစုံတစ်ခု မကောင်းတာ လုပ်ထား ခံရရင်တော့ သံပရာသီးက ပုတ်သွားပါလိမ့်မယ် ။ ချက်ချင်း အသစ်လဲပါ ။

အိမ်အ၀င်မှာ ပစ္စည်းတွေ ၊ သစ်ပင် ၊ နွယ်ပင်တွေ ရှုပ်ပွ မနေသင့်တာလည်း သတိထားပါ ။ ပစ္စည်းဟောင်းတွေ အမှိုက်တွေ မရှိအောင် ၊ ရှင်းသင့်ပါတယ် ။ သစ်ပင်ခြုံနွယ်များကလည်း အိမ်အ၀င်ကို မပိတ်သင့်ပါ ။

ခြံထဲ သို့မဟုတ် အိမ်ရှေ့တို့မှာ လည်ပတ်နေတဲ့ အရာ တစ်ခု ထားသင့်ပါတယ် ။ ချမ်းသာသောသူများရဲ့ ခြံ၀န်းထဲက water fountain ရေပန်းတွေကို တွေ့ဖူးမှာပါ ။
အဲဒါမျိုး မတတ်နိုင်ရင်လည်း ကလေးကစားတဲ့ မြန်မာ ပြည်မှာ စကြာလို့ခေါ်တဲ့အရာ လေတိုက်ရင် လည် နေတာမျိုး ၊ အဲဒါမျိုးလေး ထားလည်း ရပါတယ် ။

အိမ်အ၀င်မှာ သစ်ပင်များ စိုက်တာက ကောင်းပါတယ် ။ သတိပြုသင့်တာက ဆူးရှိသော အပင်များ နဲ့ ငြုပ်ပင်လို အပူဓါတ်ပေး နိုင်တဲ့အပင်မျိုး အိမ်ရှေ့မှာ မစိုက်သင့်ပါ ။

အပင်ကြီးများထဲမှာ မစိုက်သင့်တဲ့ အပင်များ ရှိပါတယ် ။ ဥပမာ ညောင်ပင် ၊ အိမ်ရှေ့မှာ နွယ်ပင်များမစိုက်သင့်ဘူးလို့ အရှေ့တိုင်း ရှေးကျမ်းတွေကဆိုပါတယ် ။

အိမ်အ၀င်နေရာ မှောင်နေရင် မီးထွန်းရပါတယ် ။
အိမ်အဝင်မှာ အိမ်နံပါတ် အပြင် ၊ သင့်နာမည် သို့မဟုတ် အိမ်ထောင်ဦးစီး နာမည်ကို ရေးထားချိတ်ထားတာဟာ အဲဒီ အိမ်ကို သင်ပိုင်ဆိုင်ကြောင်း သို့မဟုတ် သင့်နေရာ ဖြစ်ကြောင်းကို အသိပေးကြေငြာတာမို့ အကျိုးဆက်ကောင်းများ ရလာမှာပါ ။

နောက်တချက်က welcome ကြိုဆိုပါ​၏ ဆိုတဲ့ စာတန်းလေး ချိတ်ဆွဲထားတာက ဧည့်သည်ကို ဆိုလိုတာမဟုတ်ပါ ။ သင့်အိမ်ကို ဝင်လာမဲ့ ကျန်းမာခြင်း၊ ချမ်းသာခြင်း နဲ့ ပျော်ရွှင်ခြင်း တွေကို ကြိုဆိုတာပါ ။

လစဉ် လဆန်းရက်များမှာ အိမ်အဝင်ကို ဆားလေး ဖြူးကြည့်ပါ ။ သိုမဟုတ် ဆားနဲ့ သစ်ကြပိုးအမှုန့်လေး ရောထားတာ ဖြူးကြည့်ပါ ။ သိသာစွာ ငွေဝင်လာဘ်ရွှင်ပါတယ် ။
မိတ်ဆွေအားလုံး စီးပွားလဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။