ခင်ပွန်းဖြစ်သူကို ဆိုင်ကယ်ကယ်ရီသမားရုပ်လို့ပြောကြတဲ့အပေါ် စိတ်မဆိုးနိုင်ပါဘူးဆိုတဲ့ ပိုးကြာဖြူခင်

Celebrity Local News
ခင်ပွန်းဖြစ်သူကို ဆိုင်ကယ်ကယ်ရီသမားရုပ်လို့ပြောကြတဲ့အပေါ် စိတ်မဆိုးနိုင်ပါဘူးဆိုတဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်ရဲ့ အချစ်တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်စွမ်းရည်က လည်းပြည့်၀လွန်းလှတာကြောင့်ပရိသတ်များစွာ ကို ပိုင်ဆိုင် ထားတဲ့ သူတစ်ယောက်ပါ ။မင်းသမီးချောလေး ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အပြည့်ရရှိလာခဲ့တဲ့ မင်းသမီးတစ် လက်ပဲဖြစ်ပါတယ်

ပိုးကြာဖြူခင်ဟာ လက်ရှိသား သမီး ၃ ယောက်ကိုလည်း မိခင်အရင်းသဖွယ် အစစ အရာရာ ဂရုတစိုက်နဲ့ လုပ်ပေးနေတာလည်းတွေ့ရပါတယ် ပိုးကြာဖြူခင်ဟာ မင်္ဂလာဆောင်ပီး သားဦးလေး ကိုယ်၀န်ကိုလွယ်ထားသူဖြစ်ပီး နိုင်၀င်ဘာ (၅) ရက်နေမှာ အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပီး သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်

ယခုအခါမှာတော့ ပိုးကြာဖြူခင်က သူမခင်ပွန်းကို ဘယ်လောက်ချစ်ကြောင်းနဲ့ အစစ အရာရာနားလည်ပေးနိုင်ကြောင်းကို ပြောပြလာရင်းနဲ့ အကိုထွန်းရဲ့ ရုပ်ကို တချို့ ကွန်မန့်တွေမှာ ဆိုင်ကယ်ကယ်ရီရုပ်နဲ့တူတယ်လို့ ပြောတဲ့ အပေါ်သူမက အခုလိုပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ပိုးကြာဖြူခင်ကတာ့ “တိုယောက်ကျားကိုများ ကယ်ရီ သမားရုပ်တဲ့ စိတ်မဆိုးနိုင်ပါဘူး တကယ်လဲ သူငယ်ငယ်က ကယ်ရီမောင်းခဲ့ဖူးတာပဲကို ကယ်ရီတော့မောင်းဖူးတယ် ဒါမဲ့ အလေလိုက် အချိန်ဖြုန်းနေမဲ့အစား ရရာအလုပ်အကုန် သူလုပ်တယ် အဲ့တာကြောင့်လဲ ခုလို နေရာရောက်လာတာ ကယ်ရီသမားလေး ကို့ထွန်း တဖြစ်လဲ ရတနာ PK Htun စိန်ဆိုင်ပိုင်ရှင် ကို PK Htun ပေါ့ ) ကျမ idol က ကျမ လင်ပဲ ကလေးတွေကိုလဲ အမြဲသင်တယ် ပါပါးလို အလုပ်လုပ် တတ်ဖို့ ပါပါးလိုတော်ဖို့ ပါပါးလို မိသားစုကိုချစ်တတ်ဖို့ “ဆိုပီး ပရိသတ်တွေကို သူမရဲ့ ခင်ပွန်းဖြစ်သူ အကြောင်းကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

 

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။