ဓာတ်ပျက်ခြင်းအတွက်

Astrology
ဓာတ်ပျက်ခြင်းအတွက်

တစ်ခါတစ်ရံ ဘာလုပ်လုပ်အဆင်မပြေတဲ့အခါမျိုး၊ အလိုလိုနေရင်း စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ညစ်နွမ်းခြင်း၊ စိတ်ဓာတ်လျော့ရဲနေခြင်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါလိမ့်မယ်။ အဲ့ဒီအခါမျိုးကို ဓာတ်ပျက်တယ်လို့ သတ်မှတ်ပါတယ်။ ဒီလို ဓာတ်ပျက်တဲ့အခါ ဓာတ်တူနံတူ ပညာခန်းနဲ့ ကုစားလိုက်မယ်ဆိုရင် ပုံမှန်ကံအနေအထားအတိုင်း ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။

ဒီနေရာမှာ ဓာတ် ၄ပါးရှိကြောင်းအရင်သိမှတ်ထားရပါမယ်။ မြေ၊ မီး၊ ရေ၊ လေ ဆိုပြီး ဓာတ်လေးပါးကို သိမှတ်ထားရမယ်။ ကိုယ့်ရဲ့မွေးနေ့ မွေးနံအလိုက် ဘယ်အုပ်စုထဲ ပါသလဲဆိုတာ အရင်သိမှတ်ရပါမယ်။

နေ့သား ဓာတ်အုပ်စု
——— ———–
တနင်္ဂနွေနှင့်စနေ မီးဓာတ်အုပ်စု
တနင်္လာနှင့်ကြာသပတေး မြေဓာတ်အုပ်စု
အင်္ဂါနှင့်ရာဟု လေဓာတ်အုပ်စု
ဗုဒ္ဓဟူးနှင့်သောကြာ ရေဓာတ်အုပ်စု

အထက်ပါအုပ်စုအတိုင်း မိမိတို့နေ့နံအလိုက် သက်ဆိုင်ရာ ထောင့်မှာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာတစ်ခုက အချိန်တိကျဖို့ အရေးကြီးပါတယ်။

မည်သည့်နေ့ဖွားမဆို ကိုယ့်မွေးနေ့ မနက် ၉း၀၀ နာရီမှ ၉း၀၆ အတွင်း ဖြစ်ပါတယ်။ ကျော်လို့လည်းမရသလို လိုလို့လည်းမရပါ။ အချိန်က ၆မိနစ်အတွင်း စတင်လုပ်ဆောင်ဖို့လိုပါတယ်။

အုပ်စု(၁)

မီးဓာတ်အုပ်စုဖြစ်တဲ့ တနင်္ဂနွေနဲ့ စနေနေ့ဖွားများကတော့ ဘုရားစေတီသွားလို့အဆင်ပြေရင်လည်း ဘုရားစေတီသွားပြီး ကိုယ့်မွေးနံဂြိုဟ်တိုင်ထောင့်မှာ မီးအုပ်စုသမားက အလင်းတိုင်ထွန်းညှိပူဇော်ခြင်း လျှပ်စစ်မီးအလှူဒါနပြုခြင်း များဆောင်ရွက်ပါ။ ပြီးရင်မွေးနံထောင့်မှာ သန့်ရှင်းရေး ကုသိုလ်ပြုပါ။ အဆင်မပြေတဲ့အခါ နေအိမ်ဘုရားကျောင်းဆောင်မှာ ဆောင်ရွက်နို်င်ပါတယ်။

အုပ်စု (၂)

မြေဓာတ်သမားအုပ်စုဖြစ်တဲ့ တနင်္လာနဲ့ ကြာသပတေး နေ့ဖွားများကတော့ ဘုရားစေတီရဲ့ မွေးနံထောင့်တွေမှာ ပန်းကပ်လှူခြင်း ဆွမ်းလှူခြင်း ရွှေသင်္ကန်းကပ်လှူခြင်း စတဲ့ကုသိုလ်ဒါနကို အဆင်ပြေသလိုဆောင်ရွက်ပါ။ ပြီးလျှင် ကိုယ့်မွေးနံထောင့်မှာ သန့်ရှင်းရေးကုသိုလ်ပြုပေးပါ။မွေးနံထောင့်မှာအဆင်မပြေရင်တော့ သတ်မှတ်ထားတဲ့အချိန် ကိုယ့်အိမ်ဘုရားကျောင်းဆောင်မှာ ဆောင်ရွက်ပါ။

အုပ်စု(၃)

လေဓာတ်အုပ်စုများဖြစ်တဲ့ အင်္ဂါနှင့်ရာဟု(ဗုဒ္ဓဟူးညနေဖွား) များအနေနဲ့တော့ သတ်မှတ်ထားတဲ့အချိန် ဘုရားစေတီရဲ့ မွေးနံထောင့်မှာ ယပ်လှူခြင်း ၊ ပန်ကာလှူခြင်း၊ စကြာလှူခြင်း အမွှေးနံ့သာလှူခြင်း စတဲ့ကုသိုလ်ဒါန လုပ်ဆောင်ပေးရမာဖြစ်ပါတယ်။ ပီးလျှင် ကိုယ့်မွေးနံထောင့်မှာ သန့်ရှင်းရေးကုသိုလ်ပြုပေးပါ။မွေးနံထောင့်မှာအဆင်မပြေရင်တော့ သတ်မှတ်ထားတဲ့အချိန် ကိုယ့်အိမ်ဘုရားကျောင်းဆောင်မှာ ဆောင်ရွက်ပါ။

အုပ်စု(၄)

ရေဓာတ်အုပ်စုများဖြစ်တဲ့ ဗုဒ္ဓဟူးနှင့် သောကြာ များအနေနဲ့တော့ သတ်မှတ်ထားတဲ့အချိန် ဘုရားစေတီရဲ့ မွေးနံထောင့်မှာ ရေလှူခြင်း ရေသပ္ပါယ်ခြင်း အချိုရည် အအေး စတဲ့ကုသိုလ်ဒါန လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ပြီးလျှင် ကိုယ့်မွေးနံထောင့်မှာ သန့်ရှင်းရေးကုသိုလ်ပြုပေးပါ။မွေးနံထောင့်မှာအဆင်မပြေရင်တော့ သတ်မှတ်ထားတဲ့အချိန် ကိုယ့်အိမ်ဘုရားကျောင်းဆောင်မှာ ဆောင်ရွက်ပါ။
ဤကား မြန်မာ့လက်ဆန်းပညာရပ်လာ ဓာတ်တူနံတူဆေးဘက်ယူ အစီအရင်ကဏ္ဍပေတည်း။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။