၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( December 18 to December 24 )
===============================================

အခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ သို့သော် ခရီးရှည် သွားလာခြင်းတို့ကို ရှောင်ရှားပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါမယ်။ စီးပွားရေး လုပ်ငန်းရှင်များသည်လည်း သာလွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး ချေးငှားခြင်းများကို မပြုလုပ်ပါနှင့်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှာဖွေပေးရန် လိုအပ်ပါမယ်။ ထိလွယ်ရှလွယ်သော ပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ အထူးသဖြင့် အိမ်သူအိမ်သားများနှင့် စကား ပြောဆိုရာတွင် မိမိ၏ သဘောထားကို မှန်ကန်စွာ ပြသပေးပါ။

ပြိဿရာသီခွင် – Taurus ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် သွေးပေါင်ချိန်၊ ဆီးချိုရောဂါ သို့မဟုတ် အဝလွန်ရောဂါ ခံစားနေရသော ရာသီခွင်များ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ကိုလက်စထရော ပမာဏကို ထိန်းသိမ်းရန် ကြိုးစားသင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ မိမိကြိုးစားအားထုတ်မှုအတိုင်း ငွေကြေး အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ ကံတရား၏ အထောက်အပံ့တို့ဖြင့် ငွေကြေး ကြပ်တည်းမှုများမှ လွတ်မြောက်နိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်မှုများ ရှိနေပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်နေပါမယ်။ ဆိုင်းငံ့ထားသော အလုပ်များ အားလုံးကို အပြီးသတ်နိုင်ရန် ကြိုးစားပေးပါ။

ငွေရေးကြေးရေး အရ ဝင်ငွေ ပုံမှန်တိုးလာခြင်းကြောင့် ဘဏ္ဍာရေး အခြေအနေ အားကောင်းနေပါမယ်။ သို့သော် မလိုအပ်သော အသုံးစရိတ်များသည်လည်း ထွက်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ဝင်ငွေနှင့် အသုံးစရိတ်များကြား မျှတအောင် ထိန်းသိမ်းထားပေးပါ။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေပါမယ်။ ကလေးယူရန် ကြိုးစားနေကြသူများ အနေနှင့်လည်း သတင်းကောင်းများ ကြားသိရနိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် မိသားစုဝင်အချို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်၍ အထူးဂရုစိုက်ပေးရန် လိုအပ်ပါိလိမ့်မယ်။ ကျန်းမာရေး ပြဿနာအချို့ကြောင့် အခြားသော နယ်ပယ်များတွင် ဆိုးကျိုး သက်ရောက်စေနိုင်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ညံ့ဖျင်းနေတတ်ပါတယ်။ အကယ်၍ စီးပွားရေးလုပ်ကိုင်‌နေပါက ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ငွေလွှဲမှုများနှင့် ပတ်သက်၍ တတ်နိုင်သမျှ ပိုမိုသတိထားပေးပါ။

ဤကာလအတွင်း မိမိ၏ အလုပ်ကိစ္စများနှင့်သာ အချိန်မကုန်ဆုံးပါနှင့်။ တတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါ။

သိဟ်ရာသီခွင် – Leo ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် သက်သက်လွတ် စားသုံးကြသူများ အနေနှင့် ကိုယ်ခံအားနည်းနေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဓာတ် ပြည့်ဝအောင် အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် အစားစားပီးတိုင်း မိနစ် အနည်းငယ်ခန့် လမ်းလျှောက်ပေးပါ။

ငွေရေးကြေးအားဖြင့် ရရှိလာ‌သော ငွေ‌ကြေးထက် ပိုမိုသုံးစွဲရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် မိသားစုရေးရာ ကိစ္စရပ်များအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း မိသားစုဝင်များ အပေါ် မိမိ၏ ဂရုစိုက်မှု၊ ချစ်ခြင်မေတ္တာတို့ကို ထုတ်ဖော် ပြသပေးရန် လိုအပ်ပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူး စိုးရိမ်စရာ မလိုအပ်ပေ။ အဆစ်အမြစ် ကိုက်ခဲခြင်း သို့မဟုတ် ခါးနာခြင်းတို့ကြောင့် ဒုက္ခရောက်ခဲ့သော ရာသီခွင်များ အနေနှင့် ကျန်းမာရေး တိုးတက်မှုများ ရှိနေပါမယ်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် ကိုယ်လက် လေ့ကျင့်ခန်းများကိုပါ ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်‌။

ငွေရေးကြေးရေးအားဖြင့် အနည်းငယ် ကျပ်တည်းနေတတ်ပါတယ်။ အထူးသဖြင့် အခြားသူများ၏ ငွေကြေး တောင်းဆိုမှုတို့ကြောင့် စိတ်ရှုပ်နေရတတ်ပါတယ်။ ငွေကြေး ဆုံးရှုံးမှုတို့နှင့်ပါ ကြုံတွေ့နိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစုဘဝတွင် အေးအေးချမ်းချမ်း ရှိနေပါမယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် မိသားစုဝင်တို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ လိုအပ်ပါက ဆေးဝါးကုသမှု ချက်ချင်း ခံယူပေးပါ။

တူရာသီခွင် – Libra ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ရှိနေပါမယ်။ အကယ်၍ ခြေထောက်နာခြင်း၊ ညောင်းညာခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက သက်သာရာ ရရှိပါလိမ့်မယ်။ အထူးသဖြင့် အသက် ၅၀ကျော် ရာသီခွင်များအတွက် ပိုမိုကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။

ဒါ့အပြင် ငွေရေးကြေးရေးအားဖြင့်လည်း တိုးတက်မှုများ ရှိနေပါမယ်။ ကိုယ်ပိုင် အကျိုးစီးပွား လုပ်ဆောင်ကြသူများ အနေနှင့် သာလွန်သော အကျိုးအမြတ်များ ရရှိနိုင်ပါတယ်။ ရင်နှီးမြုပ်နှံမှုများ၊ လုပ်ငန်းတိုးချဲ့မှုများကိုပါ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင် မိမိ ချစ်ခင်ရသူများနှင့် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။ သို့သော် ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အားငယ်နေတတ်ပါတယ်။ ဝမ်းနည်း ပူဆွေးမှုများ ခံစားရနေနိုင်ပါမယ်။ ဒါ့ကြောင့် မိမိကိုယ်မိမိ ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ မဟုတ်ပါက ကျန်းမာရေး ချို့ယွင်းမှုနှင့်အတူ ရောဂါဝေဒနာများ ဝင်ရောက် လာနိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် သတိထားပေးရမည့် အချိန်ကာလ ဖြစ်ပါတယ်။ စိတ်အလိုလိုက်ကာ ငွေကြေး သုံးစွဲမှုတို့ကြောင့် အထွက်ငွေ ကြမ်းနေတတ်ပါတယ်။ ဒါ့ကြောင့် ငွေကြေး စီမံခန့်ခွဲမှုများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

Scorpio ရာသီခွင်တို့၏ မိသားစုရေးရာ ကိစ္စရပ်နှင့် ပက်သက်၍ အထူးတလည် ပြုလုပ်စရာ မလိုအပ်ပေ။ အပြုသဘောဆောင်သော အငွေ့အသက်တို့ဖြင့် ကျေနပ်အားရမှုများ ရှိနေပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ စိတ်ဖိစီးမှုများ မြင့်မားနေတတ်ပါတယ်။ အထူးသဖြင့် မူယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အတက်အကျများ ရှိနေပါမယ်။ အကယ်၍ ရင်းနှီးမြုပ်နှံလိုပါက အလျင်စလို မပြုလုပ်ပါနှင့်။ မည့်သည့် ခြေလှမ်းကိုမဆို သတိဝီရိယနှင့် ဆုံးဖြတ်ချက်များ ချမှတ်ပါ။ လိုအပ်ပါက ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ ကိုယ်ရေးကိုယ်တာ ဘဝတွင် ပြဿနာအချို့နှင့် ရင်ဆိုင်ရနိုင်ပါမယ်။ ပြဿနာများကို ရှောင်ပြေးခြင်းထက် ရင်ဆိုင်ဖြေရှင်းပါ။ မိမိ လုပ်ဆောင်ခဲ့သော အမှားများကို ပြန်လည်ဆင်ခြင် သုံးသပ်ပါ။

မကာရရာသီခွင် – Capricorn ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် အဆိုးမြင်စိတ်၏ လွှမ်းမိုးခြင်း ခံနေရတတ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးကာ တခြားသော နယ်ပယ်များတွင်ပါ အကျိုးသက်ရောက် စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အတွေးအာရုံတို့ကို ထိန်းချုပ်ကာ လုံလုံလောက်လောက်အနားယူပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ အတိတ်ကာလ ရင်နှီးမှုများမှ အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ သို့သော် ငွေကြေး သုံးစွဲရာတွင် အကန့်အသတ် ထားရှိပေးပါ။ ကိုယ်ပိုင် အကျိုးစီးပွား လုပ်ကိုင်ကြသူများ အနေနှင့်လည်း အတိုက်အခိုက်များ ရှိနေတတ်၍ သတိထားပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစုဘဝတွင် အေးချမ်းသာယာမှုများ ပြည့်နှက်နေပါမယ်။ အကယ်၍ အိမ်ထောင်သည် ဖြစ်နေပါက ကလေးနှင့် ပက်သက်၍ သတင်းကောင်း ကြားသိရနိုင်ပါမယ်။ အထူးသဖြင့် ရက်သတ္တပတ်ကုန်တွင် မိသားစုနှင့်အတူ ပျော်ပွဲရွှင်ပွဲ ကျင်းပရန် စီစဉ်နိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲများ ရှိနေပါမယ်။ သို့သော် ပေါ့ပေါ့ဆဆ မနေပါနှင့်။

ငွေရေးကြေးရေးအရ ရက်သတ္တပတ် အစတွင် အထူး ကောင်းမွန်နေပါမယ်။ ငွေကြေး လုပ်ငန်းဆောင်တာများ အောင်မြင်ကာ နယ်ပယ်များစွာမှ ငွေကြေး အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ သို့သော် ဟန်ဆောင် လိမ်လည်‌သော ငွေကြေး ချေးငှားမှုများ ရှိနေတတ်၍ သတိထားပေးပါ။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် မတည်ငြိမ်နိုင်ပေ။ မိသားစုဝင် အချို့နှင့် စကား အခြေအတင် ပြောဆိုရတတ်ပါတယ်။

မိန်ရာသီခွင် – Pisces ( December 18 to December 24 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး တိုးတက်မှုတို့ဖြင့် ဖြတ်သန်းနိုင်ပါမယ်။ အကယ်၍ ယခင်က မျက်စိနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက သက်သာပျောက်ကင်းလာဖွယ် ရှိနေပါတယ်။

ငွေကြေးအရ ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ မလိုလားအပ်သော အသုံးစရိတ်များ ရှိလာနိုင်ပါမယ်။ သို့သော် ပုံမှန် ဝင်ငွေ လည်ပတ်မှုတို့ကြောင့် အထူး စိုးရိမ်စရာ မလိုအပ်ပေ။

ဤကာလအတွင်း အိမ်ထောင်သည် Pisces ရာသီခွင်များ အနေနှင့် မိမိတို့ ကလေး၏ ပညာရေး နယ်ပယ် အပေါ် အာရုံစိုက်ပေးရန် လိုအပ်ပါမယ်။ ကြိုစားအားထုတ်မှု အပေါ် အသိအမှတ် ပြုပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။