ပလစ်စတစ်ဘူးတွေကောက်ပြီး လက်မှုပစ္စည်းတွေရောင်းချတဲ့ မသန်စွမ်းအမျိုးသားက ၁၅ နှစ်အတွင်း ကျောင်းသူ/သားတွေအတွက် ယွမ် ၁ သန်းကျော်လှူဒါန်းထား

International News
ပလစ်စတစ်ဘူးတွေကောက်ပြီး လက်မှုပစ္စည်းတွေရောင်းချတဲ့ မသန်စွမ်းအမျိုးသားက ၁၅ နှစ်အတွင်း ကျောင်းသူ/သားတွေအတွက် ယွမ် ၁ သန်းကျော်လှူဒါန်းထား

၁၅ နှစ်ကာလကျော်အတွင်း ကျောင်းသား/သူတွေအတွက် ယွမ် ၁ သန်းကျော် (စင်ကာပူဒေါ်လာ ၁၈၈၃၉၀) ကျော်ကို ဟူလဲ့ အမည်ရတဲ့ တရုတ်မသန်စွမ်းအမျိုးသားတစ်ဦးက လှူဒါန်းခဲ့ပြီးပါပြီ။ ဒီသတင်းက လူအများကြား ပြောစမှတ်ပြုနေပါတယ်။

တရုတ်နိုင်ငံရဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က Weibo ပေ့ချ်မှာ ဗီဒီယိုတစ်ခုကို တင်ခဲ့တာပါ။ အဲဒီဗီဒီယိုမှာ ဟူလဲ့ရဲ့လှူဒါန်းမှုကို လက်ခံရရှိခဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ကလေးမလေးတစ်ယောက်က ဟူလဲ့ကို ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ငိုနေတာကို တွေ့ရပါတယ်။ ဟူရဲ့လှူဒါန်းမှုမှာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ကျောင်းလွယ်အိတ် ၂၀၀၀၀ ကျော်ဝယ်ယူတာလည်းပါဝင်ပြီး သူဟာ အဲဒီငွေတွေကို ပလတ်စတစ်ဘူးတွေကောက်ပြီး လက်မှုပစ္စည်းတွေရောင်းချတာကနေ ရရှိခဲ့တာပါ။

လူတော်တော်များများက သူ့ကို Live Streaming လုပ်ဖို့ တောင်းဆိုထားကြပေမဲ့ သူ မလုပ်ချင်ဘူး။ အင်တာနက်ဆယ်လီမဖြစ်ချင်ဘူးလို့ ဟူက ပြောပါတယ်။ ဟူက သူ့အကူအညီကို လက်ခံရရှိထားတဲ့ ကလေးတွေကို ပြောလေ့ရှိတာက “မင်းတို့ကို ဘာကအခက်အခဲဖြစ်စေတာလဲ၊ မင်းတို့ကို ကူညီဖို့နည်းလမ်းတွေ ငါ စဉ်းစားမယ်၊ မင်းတို့ အရွယ်ရောက်လာတဲ့အခါ မင်းတို့မိဘတွေ၊ ဆရာ/ဆရာမတွေ၊ ခေါင်းဆောင်တွေ၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တွေကို သတိရလိုက်ပါ။ ငါ့ကိုတော့ သတိမရပါနဲ့”တဲ့။

ဟူက သူ့ဘဝအရမ်းခက်ခဲခဲ့ပေမဲ့ သူ့ထက်အခြားသူတွေပိုခက်ခဲနေတာကို မြင်တွေ့ရတာ သည်းမခံနိုင်ဘူးလို့ ဆိုပါတယ်။ ဟူက တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပါဝင်သလို သူစိမ်းတွေဆီက ဘာမှ လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောထားပြီး သူ့နာမည်ကို အသုံးပြုပြီး လိမ်ညာနေတဲ့သူတွေကို သတိထားဖို့လည်း အခြားသူတွေကို မေတ္တာရပ်ခံထားပါတယ်။

“ကျွန်တော့်ကြောင့် ငွေတွေကို မသုံးပါနဲ့။ ကျွန်တော် အရမ်းရှက်မိတယ်။ ကျွန်တော်က မင်းတို့ထင်သလောက် အံ့ဩစရာမကောင်းပါဘူး။ ကျွန်တော်လုပ်ခဲ့တဲ့အရာတွေက ၁၅ နှစ်ကြာ လူ့အဖွဲ့အစည်းကို ပြန်ပေးဆပ်ဖို့ပါပဲ။ ကျွန်တော် ချမ်းသာဖို့နဲ့ ကျော်ကြားဖို့ မမျှော်လင့်ပါဘူး။ နောင်တမရချင်တာကြောင့် ကျွန်တော်လိုချင်တာအားလုံးက ကျွန်တော်လုပ်ချင်တာကို လုပ်ဖို့ပါပဲ။ ကျွန်တော့်ရဲ့အဖေ ဒီလောကမှမရှိတော့ဘူး။

ကျွန်တော်လည်း ဘယ်အချိန်ဒီလိုဖြစ်မယ်ဆိုတာ မသိဘူး။ ကျွန်တော် ဒါကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲမသိဘူး။ ကျွန်တော် လူမှုကွန်ယက်မှာ နာမည်မကြီးချင်ဘူး။ ကျွန်တော် လုပ်ချင်တာအားလုံးက ကောင်းတာတွေကို အေးအေးဆေးဆေးဆက်လုပ်ဖို့ပါပဲ။ ဒါက ကလေးတွေမှာ ကျေးဇူးတရားမျိုးစေ့ကို စိုက်ပြီး အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံကို သူတို့ ပြန်ပေးဆပ်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဟူက ပြောပါတယ်။

ဟူက ကလေးဘဝမှာ ပိုလီယိုရောဂါခံစားခဲ့ရပြီး အဲဒီရောဂါကြောင့် ဒူးထောက်ပြီး သွားနေရတာပါ။ သူ့အဖေက သူ့အတွက် ဆေးကုသဖို့ ကြိုးစားရင်း ကားမတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ပြီး သူ့အမေက မုဆိုးမဖြစ်ပြီးနောက် နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ သူကတော့ အဘိုးအဘွားတွေလက်ထဲမှာ ကြီးပြင်းလာခဲ့ပြီး သူ့ပတ်ဝန်းကျင်က သူတွေထံကနေ အကူအညီတွေ မကြာခဏရရှိခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။