ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို ခန့်မှန်းဈေးထက် ၁၁ ဆ ကျော်စံချိန်တင်ရောင်းချနိုင်ခဲ့

International News
ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို ခန့်မှန်းဈေးထက် ၁၁ ဆ ကျော်စံချိန်တင်ရောင်းချနိုင်ခဲ့

ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့တဲ့ အပြာရောင်နဲ့အနက်ရောင်စပ်ဝတ်စုံကို ဒေါ်လာ ၁ သန်းကျော်နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ ဒိုင်ယာနာမင်းသမီးက ဒီညနေခင်းဝတ်စုံကို ၁၉၈၅ ခုနှစ်က ဖရောရန့်စ်မြို့မှာ ဝတ်ဆင်ခဲ့တယ်လို့ Julien’s Auctions က ဆိုထားပါတယ်။

ဒီဝတ်စုံက ခန့်မှန့်ဈေးထက် ၁၁ ဆ ဒေါ်လာ ၁.၁ သန်းကျော်နဲ့ ရောင်းချနိုင်ခဲ့တဲ့အတွက် စံချိန်ချိုးခဲ့ပါတယ်။ ဒီဝတ်စုံကို ဒေါ်လာ ၁၀၀၀၀၀ ကနေ ဒေါ်လာ ၂၀၀၀၀၀ ကြား ရောင်းချခဲ့ပေမဲ့ ဒေါ်လာ ၁၁၄၈၀၈၀ နဲ့ ရောင်းထွက်သွားခဲ့တာပါ။ ဝေလမင်းသမီးဒိုင်ယာနာရဲ့တော်ဝင်တင့်တယ်မှုနဲ့ ထာဝရအလှတရားတို့နဲ့ ဒီဝတ်စုံက တူညီတယ်လို့ Julien’s Auction က ပြောပါတယ်။

ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို အပြာရောင်ကြယ်ပွင့်တွေထိုးထားတဲ့ အနက်ရောင်ကတ္တိပါသား၊ အပြာရောင် organza ပိုးထည်တို့နဲ့ ဒီဇိုင်နာ Jacques Azagury က ချုပ်လုပ်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။