ဂျပန်အနုပညာရှင် ဖန်တီးတဲ့ Land Cruiser 70ရေမြှုပ်ဖော့ပြားကား

International News Tech
ဂျပန်အနုပညာရှင် ဖန်တီးတဲ့ Land Cruiser 70ရေမြှုပ်ဖော့ပြားကား

SUV ကားတစ်စီးကို လူနှစ်ယောက်တည်းနဲ့ မနိုင်တာ ဖြစ်နိုင်ပါ့မလားဆိုရင် ဖြစ်နိုင်တယ်လို့ ဆိုရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အခု ပုံမှာမြင်ရတဲ့ကားကို ရေမြှုပ်ဖော့ပြားတွေနဲ့ ဖန်တီးထားတာကြောင့်ပါပဲ။

Land Cruiser 70 SUV ကားတွေ ဈေးကွက်တွေ ပြန်လည်ဝင်ရောက်လာတဲ့အထိမ်းအမှတ်အဖြစ် ဂျပန်အနုပညာရှင် ယာမာဂူချီကLand Cruiser 70ကားရဲ့ ပကတိအရွယ်အစားအတိုင်း ရေမြှုပ်ဖော့ပြားကား တည်ဆောက်ခဲ့တာပါ။ ကားကိုယ်ထည်၊ ပြတင်းပေါက်၊ တာယာ၊ ရှေ့မီး၊ တိုယိုတာ စာလုံးအားလုံးကို ရေမြှုပ်ဖော့ပြားနဲ့လုပ်ပြီး ဆေးမှုတ်ထားတာပါ။ ရုတ်တရက် သို့မဟုတ် အဝေးက ကြည့်လိုက်ရင် တကယ့် Land Cruiser 70 SUV ကားအစစ်လို့ ထင်စရာပါပဲ။

ဂျပန်အနုပညာရှင် ယာမာဂူချီဟာ ရေမြှုပ်ဖော့ပြားနဲ့ ရုပ်တုတွေ ပုံဖော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး Land Cruiser 70 ကားကတော့ သူ့ရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။