thayမယ့်နေ့ကိုပါ ခန့်မှန်းပေးနိုင်မယ့် ဉာဏ်ရည်တုစနစ်တစ်ခုကို သိပ္ပံပညာရှင်တွေ တီထွင်ခဲ့

International News Tech
thayမယ့်နေ့ကိုပါ ခန့်မှန်းပေးနိုင်မယ့် ဉာဏ်ရည်တုစနစ်တစ်ခုကို သိပ္ပံပညာရှင်တွေ တီထွင်ခဲ့

thayမယ့်နေ့အပါအဝင် လူတစ်ဦးရဲ့ဘဝမှာ ကြုံလာရမယ့်အရာတွေကို တွက်ဆခန့်မှန်းပေးနိုင်တဲ့ ဉာဏ်ရည်တုစနစ်တစ်ခုကို အမေရိကန်နဲ့ ဒိန်းမတ်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံက လူ ၆ သန်းရဲ့ မွေးသက္ကရာဇ်၊ ပညာသင်ကြားမှု၊ လစာ၊ နေရပ်လိပ်စာ၊ကျန်းမာရေး အစရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး Life2vec လို့ အမည်ရတဲ့ ဉာဏ်ရည်တုစနစ်ကို လေ့ကျင့်ပေးခဲ့တာပါ။ အဲဒီအချက်အလက်တွေကို အခြေခံပြီး လူတစ်ယောက် ဘယ်အချိန် thayမလဲဆိုတာကို Life2vec က ခန့်မှန်းနိုင်စွမ်းရှိတယ်လို့ အဲဒီစနစ်ကို ဖန်တီးခဲ့သူတွေက ဆိုပါတယ်။

အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်ကြား အုပ်စု (ယင်းတို့အနက် တစ်ဝက်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ကြား ကွယ်လွန်ခဲ့သူတွေ ဖြစ်) ကို စမ်းသပ်ခန့်မှန်းရာမှာ Life2vec က ဘယ်သူတွေ thayဆုံးခဲ့ပြီး၊ ဘယ်သူတွေ အသက်ဆက်ရှင်နေတယ်ဆိုတာကို ၇၈ ရာခိုင်နှုန်းအထိ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ Life2vec ဟာ ဒိန်းမတ်နိုင်ငံသားတွေရဲ့ ဒေတာတွေကိုသာ သီးသန့်လေ့ကျင့်ခဲ့တာဖြစ်လို့ အခြားနိုင်ငံသားတွေရဲ့ အနာဂတ်ဖြစ်ရပ်တွေကို ခန့်မှန်းရာမှာ အဲဒီလောက်အထိ တိကျနိုင်ဖွယ်မရှိဘူးလို့ ဒိန်းမတ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဂျော်ဂျန်ဆန် ဦးဆောင်တဲ့ သုတေသနအဖွဲ့က ဆိုပါတယ်။

လုပ်ငန်းစုကြီးတွေက လူတွေအပေါ်မှာ အဲဒီလို နည်းပညာမျိုး အသုံးပြုကောင်း အသုံးပြုနေနိုင်ပေမဲ့ Life2vec စနစ်ကိုတော့ လုပ်ငန်းစုကြီးတွေ လက်ထဲမရောက်အောင် ကာကွယ်သင့်တယ်လို့လည်း ဂျော်ဂန်ဆန်က သတိပေးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။