”သင်္ဘောရွက်ဖျော်ရည်နဲ့ ကျန်းမာရေး”

Health Knowledge
”သင်္ဘောရွက်ဖျော်ရည်နဲ့ ကျန်းမာရေး”

လူအတော်များများက သင်္ဘောသီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေကို ကျွမ်းဝင်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ လတ်တလောမှာ သင်္ဘောအရွက်နဲ့ပတ်သက်တဲ့ ဆေးပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောရွက်ဟာ ရေပန်းစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ သင်္ဘောရွက်က သွေးလွန်တုပ်ကွေးနဲ့ ကင်ဆာရောဂါတွေလို ရောဂါကြီးတွေကိုတောင် သက်သာစေနိုင်လို့ဘဲ့ ဖြစ်ပါတယ်။

သင်္ဘောရွက်ဖျော်ရည် ပြုလုပ်နည်းကတော့

(၁) ရှေးဦးစွာရေဆေးထားသော သင်္ဘောရွက်များကိုယူပါ။

လှီးဖြတ်ပြီးနောက် ရေ နှစ်လီတာခန့်ထည့်ထား သော ဇလုံထဲသို့ ထည့်လိုက်ပါ။

(၂) ရေတစ်ဝက်ခန်းသွားသည့်တိုင်အောင် အဖုံးမအုပ်ဘဲ ပြုပ်ပါ။

၃) ထို့နောက် အရည်ကိုစစ်ပြီး ဖန်ခွက်ထဲထည့်ထားပါ။ (၃)ရက်မှ(၄)ရက်အထိ ရေခဲသတ္တောထဲ ထည့်ထား နိုင်ပါတယ်။ ဒါပေမဲ့ လတ်လတ်ဆတ်ဆတ်ဖြစ်လေ ပိုကောင်းလေပါပဲ။ သွေးလွန်တုပ်ကွေးက အလွန်ပြင်းထန်တဲ့ရောဂါတစ်ခု ဖြစ်တယ်ဆိုတာ သိကြမှာပါ။ဒါပေမဲ့ ဒီရောဂါကို သက်သာစေနိုင်တဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးနည်းက သင်္ဘောရွက်ပါပဲ။

ပညာရှင်တွေကလည်း သင်္ဘေ ရွက်မှာပါဝင်တဲ့ဓါတ်တွေက သွေးလွန်တုပ်ကွေးကို ကုသနိုင်တယ်လို့ အတည်ပြုထားကြရုံသာမက တချို့ဆေး ဝါးတွေမှာပါ သင်္ဘောရွက်ကို အသုံးပြုလာကြတာကိုတွေ့ရပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက်ကတော့ ထိ ရောက်တဲ့ရလဒ်ရလိုလျှင် သင်္ဘောရွက်ဖျော်ရည်ကို 25ml စီ တစ်နေ့ နှစ်ကြိမ် တစ်ပတ်ကြာသောက်ပေးဖို့ပါပဲ။

သင်္ဘောရွက်မှာ ပါဝင်တဲ့အင်ဇိုင်းတွေဟာ သားအိမ်ခေါင်း

ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ရဲ့ ကင်ဆာအကျိတ်တွေကို ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးမဖြစ်စေပဲ တိုက်ဖျက်ပေးနိုင်ပါ်တယ်။

သင်္ဘောရွက်တွေက အစာအိမ်ပြဿနာဖြစ်စေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင် စွမ်းရှိပါတယ်။

လတ်လတ်ဆတ်ဆတ် သင်္ဘောရွက်တွေကို လိမ္မော်ကွင်းတွေနဲ့ရောပြုတ်ပြီးသောက်ရင် အဆီတွေကို ကျစေပါတယ်။ သင်္ဘောရွက်ဖျော်ရည်က ဓမ္မတာလာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့နာကျင်မှုတွေကို သက်သာစေပါတယ်။ နည်းလမ်းကတော့ သင်္ဘောရွက်တစ်ရွက်၊ မန်ကျည်းသီးအနည်းငယ်နဲ့ ဆားတို့ကို ရေထဲထည့်ပြုပ်ပါ။အအေးခံ ပြီးနောက် သောက်သုံးနိုင်ပါတယ်။

သင်္ဘောရွက်က အသားအရေအတွက်လည်း များစွာအသုံးဝင်ပါတယ်။ သင်္ဘောရွက်ဖျော်ရည်က အ သားအရေကို အဆိပ်အသောက်ကင်းစင်စေပြီး ဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ် စတာတွေကို ပျောက်ကင်းစေပါတယ်။ နှင်းခူနာဖြစ်နေလျှင်လည်း နှင်းခူပေါ်ကို သင်္ဘောရွက်အရည်လိမ်းပေးရင် သက်သာပျောက်ကင်း စေပါ တယ်။ ရောင်ရမ်းအနာ၊ ဒဏ်ရာများကိုလည်း ထိုနည်းတူ ပျောက်ကင်းစေပါတယ်။

သတိပြုရန်

ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ သင်္ဘောရွက်ဖျော်ရည်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ပျက်ကျ နိုင်ချေရာခိုင်နှုန်းကို မြင့်တင်ပေးသောကြောင့် ဖြစ်ပါတယ်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။