အာရေဗျ ပင်လယ်ထဲကို အိန္ဒိယက စစ်သင်္ဘော ၃ စီး စေလွှတ်ထား

International News
အာရေဗျ ပင်လယ်ထဲကို အိန္ဒိယက စစ်သင်္ဘော ၃ စီး စေလွှတ်ထား

အရင်သီတင်းပတ်တွင်းက အိန္ဒိယ ဆိပ်ကမ်းကို ဦးတည်လာခဲ့ပြီး အစ္စရေးနဲ့ ဆက်နွှယ်မှုရှိတဲ့ ရေနံတင် သင်္ဘောတစီး ပင်လယ်ထဲမှာ ဒရုန်းနဲ့ တိုက်ခိုက်တာခံခဲ့ ရတဲ့နောက် အိန္ဒိယကသူ့ရဲ့ စစ်ရေယာဉ် ၃ စီးကို အာရေဗျပင်လယ်ထဲ ပို့ဆောင် ထား တယ်လို့ ပြောပါတယ်။

ပဲ့ထိန်းမစ်ဇိုင်းတွေ ပစ်လွှတ်နိုင်တဲ့ ဖျက်သင်္ဘော ၃ စီး စေလွှတ်ထားတယ်လို့ အိန္ဒိယ ရေတပ်က ထုတ်ပြန်ထားပါတယ်။

MV Chem Pluto သင်္ဘောဟာ အိန္ဒိယတောင်ပိုင်းက မန်ဂလို ဆိပ်ကမ်းကို ရေနံတွေ ပို့ဖို့ လာစဉ်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

ပျက်ဆီးသွားမှု တွေကို ဆန်းစစ်ခဲ့ပြီးတဲ့နောက် အဲဒီသင်္ဘောကို မွန်ဘိုင်းက သင်္ဘောကျင်းမှာ မနေ့က ထားထားပါတယ်။

ဒီတိုက်ခိုက်မှုကို အီရန်က လုပ်တာလို့ အမေရိကန်က အပြစ်ပုံထားပြီး အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဒါဟာ အခြေအမြစ်မရှိဘဲ စွပ်စွဲပြောနေတာလို့ တုံ့ပြန်ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။