အကြောအဆစ်ရောင်နှင့် သုတ်ခန်းသောရောဂါအတွက် ပင့်ကူထိပ်ပိတ်ပင်

Health Knowledge
အကြောအဆစ်ရောင်နှင့် သုတ်ခန်းသောရောဂါအတွက် ပင့်ကူထိပ်ပိတ်ပင်

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် အများဆုံး တွေ့ရသည်။သဘာဝအလျောက် အလေ့ကျ ပေါက်ရောက်သည်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ပင့်ကူထိပ်ပိတ်သည် နှုတ်ကို မြိန်စေ၏။ လေသလိပ်ကို ကြေစေ၏။

ကိုယ်တစ်ခြမ်းသေရောဂါကို ပျောက်ကင်း စေ၏။အရွက်သည် ချို၏။ ခြောက်သွေ့၏။သည်းခြေကို ပွားစေ၏။ကိုယ်ရေဝါ ရောဂါ၊ ဖောရောင်ခြင်း၊ ဆီးလွန်ရောဂါ၊ အဖျားရောဂါ တို့ကို ပျောက်စေ၏။

အသုံးပြုပုံ

အရွက် အသုံးပြုပုံ

၁။ပင့်ကူထိပ်ပိတ်ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီးမှုန့် အနည်းငယ် ရောသောက်သော် အကြော၊ အဆစ်ရောင်ရောဂါ ပျောက်၏။

၂။အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းပေးပါက ယားယံခြင်းကို ပျောက်ကင်းစေ၏။

ပဉ္စငါးပါး အသုံးပြုပုံ

၁။ပဉ္စငါးပါး ကြိတ်ညှစ်ရည်တွင် ငရုတ်ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူးကို သုတ်လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။

၂။ပင့်ကူထိပ်ပိတ် ကြိတ်ညှစ်ရည်တွင် လက်ချား မီးပေါက်မှုန့်၊ ပျားရည် အနည်းငယ် ရောစပ်တိုက်သော် သူငယ်နာ ချောင်းဆိုး ရောဂါ ပျောက်၏။

၃။အပင်ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက်သော် အဖျားပျောက်၏။

၄။ကိုယ်သား ကိုယ်ရေဝါသောရောဂါနှင့် သုတ်ခန်းသော ရောဂါအတွက် ပင့်ကူထိပ်ပိတ်ပင်ကို ပြုတ်သောက်ခြင်း၊ အရည်ညှစ်သောက်ခြင်း၊ အမြစ်ကို သွေး၍လည်းကောင်း၊ ကြိတ်ညှစ်၍လည်းကောင်း သောက်ခြင်း၊ အရွက်၊ အပွင့်၊ အသီးတို့ကို ပြုတ်တို့၊ သုပ်စား၊ ချက်စားခြင်းဖြင့်လည်းကောင်း ပျောက်ကင်းစေနိုင်၏။ (ဆေးအဖြစ် သုံးခြင်း၌ သကြားအနည်းငယ် စပ်၍ သုံးရ၏။)

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။