သာကေတမှာ သွေးသောက်အဖွဲ့ဖွဲ့ပြီး သင်တန်းပေးဖို့လုပ်နေရင်း မုန့်ဟင်းခါးဖြစ်သွားတဲ့ ရာအိမ်မှူး

Local News

သာကေတမှာ သွေးသောက်အဖွဲ့ဖွဲ့ပြီး သင်တန်းပေးဖို့လုပ်နေရင်း မုန့်ဟင်းခါးဖြစ်သွားတဲ့ ရာအိမ်မှူး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သာကေတမှာ သွေးသောက်အဖွဲ့ဖွဲ့ပြီး သင်တန်းပေးဖို့လုပ်နေရင်း မုန့်ဟင်းခါးဖြစ်သွားတဲ့ ရာအိမ်မှူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်း သွေးသောက်အဖွဲ့ဖွဲ့ပြီး သင်တန်းပေး‌မှုများလုပ်ဆောင်နေသည့် ရာအိမ်မှူးတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း Soul Takers (Yangon Underground Force) အဖွဲ့က ထုတ်ပြန်သည်။
မေလ ၂ ရက် နံနက်က သာကေတမြို့နယ် ဗိုလ်ဆွန်ပက်လမ်းတောင်ပိုင်းရှိ ရာအိမ်မှူး အောင်ဖြိုးကို ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။


“အောင်ဖြိုးသည် သာကေတမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ အချက်အလက်များအား စကစ ကိုသတင်းပေးခြင်း ၊ စကစ လက်ကိုင်တုတ်အနေဖြင့် ပြည်သူများအား အကြောင်းမဲ့ ခြိမ်းခြောက်ခြင်း ၊ လူစုကာ ပရဟိတလုပ်ငန်းတစ်ဖက်အမည်ခံ၍ သွေးသောက်အဖွဲ့ ဖွဲ့စည်းပြီး သင်တန်းပေးနေခြင်းစသည့် ကိစ္စရပ်များပြုလုပ်နေသည်ကို ပြည်သူများ တိုင်တန်းချက်များအရ အကြောင်းအရင်းခိုင်မာစွာ လေ့လာစစ်ဆေးပြီးမှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


အဆိုပါစစ်ဆင်ရေးတွင် Soul Takers အဖွဲ့သားများအားလုံး အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။