ကိုယ့်ဥစ္စာပစ္စည်း အန္တရာယ်ကင်းစေလိုသော်

Astrology
ကိုယ့်ဥစ္စာပစ္စည်း အန္တရာယ်ကင်းစေလိုသော်

“မောင်ခရေ. . . ၊ အဒေါ်တို့နားမှာက ကလေးကျောင်းလေးရှိတယ်၊ အဲဒီကလေးတွေအတွက် စာအုပ်တို့၊ ခဲတံတို့၊ ခဲဖျက်တို့ အိမ်မှာတင်ထားပြီးရောင်းတယ်၊ ပြီးတော့ ကျောင်းမှာ စာမလိုက်နိုင်တဲ့ကလေးတွေကိုလည်း အဒေါ်က ခေါ်ပြီး စာပြပေးတယ်၊ သူတို့ မိဘတွေက သဘောကျလို့ အဒေါ့်ကို နို့ဆီဗူးလေး၊ ပိုက်ဆံလေး ဘာလေး ပေးကြတယ်၊ အဒေါ်က အဲဒါလေးနဲ့ အဆင်ပြေနေတယ်၊ မနက်မိုးလင်းလာရင် ထမင်းကြမ်းနဲ့ ပဲပြုတ်က မစားဘဲ မနေနိုင်ဘူးတော့၊ သူတို့ ပေးတဲ့ ပိုက်ဆံလေးနဲ့ ပဲပြုတ်ဝယ်ပြီးစားရတယ်”
ဟု ပြောလေ၏။

“ကောင်းသားပဲဗျ. . . ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါ်သာဉာဏ်ကြီးက-
“မောင်ခက ကောင်းပေမဲ့ တစ်ချို့က အဲဒီလိုလုပ်တာကို မကြိုက်ဘူး၊ အဲဒီတော့ အဒေါ့်ကို ရန်လုပ်ကြတယ်၊ အဲဒါ တစ်ခုပဲ စိတ်ညစ်တာပါ. . . ” ဟု ပြောလေ၏။

ထိုအခါ ပေတလူက-
“အဒေါ်ရယ်. . . ၊ အဲဒီရန်တွေကင်းဝေးသွားအောင် ပုတီးများများစိပ်စမ်းပါ. . . ” ဟု ဝင်၍ အကြံပေးလေ၏။ ထိုအခါ ဒေါ်သာဉာဏ်ကြီးက-
“ပြောရမှာလည်း ရှက်ပါတယ် ပေတလူရယ်. . . ၊ အဒေါ်က ပုတီးမစိပ်တတ်ဘူး၊ တစ်ခါမှလည်း မစိပ်ဖူးဘူး ” ဟု ပြောလေ၏။

ထိုအခါ ပေတလူက ၎င်း၏ အိတ်အတွင်းမှ ပုတီးကို ထုတ်၍ ထမင်းစားပြီးသောအခါ၌ ဒေါ်သာဉာဏ်ကြီးကို ပုတီးစိပ်နည်းသင်ပေးလေ၏။ ကျွန်ုပ်ကလည်း ဒေါ်သာဉာဏ် ကြီးအား ပုတီးတစ်ကုံးလက်ဆောင်ပေးလိုက်လေ၏။ ဒေါ်သာဉာဏ်ကြီးသည် ပုတီးရသည့်အချိန်မှစ၍ ကျွန်ုပ်၏ ဘုရားစင်ရှေ့သို့ သွားကာ ပုတီးစိပ်နေလေတော့၏။ ဒေါ်သာဉာဏ်ကြီး ပုတီးစိပ်နေသည်ကို ကြည့်ပြီးလျှင် ပေတလူက-

“အဘရေ. . . လန်ဒန်မြို့ပေါ်မှာတင် ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်၊ ပြန်လာရင် ဂမ္ဘီရလမ်းစဉ်ကို အကျအန လုပ်တဲ့(၄၀)လောက်ရှိတယ် အဘရဲ့၊ အဲဒီလူတွေ အားလုံးက သူတို့ အလုပ်လုပ်တဲ့အခါ သူတို့နှစ်သက်တဲ့ အနံ့နဲ့ အမွှေးတိုင်လေးတွေ ထွန်းပြီး လုပ်လေ့ရှိတယ်၊ သူတို့ အားလုံးဟာ အသက်(၄၀)လောက်ရှိတဲ့ မာဂရက်ဆိုတဲ့ မိန်းမဆီက အမွှေးတိုင်ကိုပဲ သုံးကြတယ်၊ မာဂရက်က နေ့စဉ်လာပြီး ပို့တယ်၊ လကုန်မှ အမွှေးတိုင်ဖိုးလာပြီး တောင်းတယ်၊

တစ်နေ့မှာ မာဂရက်က “ဘာလုပ်ကြတာလဲ’’ လို့ မေးပြီး တစ်ဦးစီမှာ လုပ်နည်းတွေတောင်းတယ်၊ လူ(၄၀)လုံးက မချွင်းမချန် သူတို့ရဲ့ ဂမ္ဘီရနည်းလမ်းတွေကို ပြောပြတယ်၊ မာဂရက်က အဲဒီနည်းတွေကို စာအုပ်နဲ့ ရေးပြီးမှတ်သွားတယ်၊ အိမ်ရောက်တော့ ပြန်ဖတ်ပြီး အကောင်းဆုံးလို့ ထင်တဲ့ နည်းတွေကို ပေါင်းပြီး သူလည်း ဂမ္ဘီရအလုပ်တွေကို လုပ်တယ်၊ ဟိုလူ(၄၀)က ဘာမှ မဖြစ်သေးဘူး၊ သူက ဂမ္ဘီရအောင်ပြီး ထွက်ရပ်ပေါက်သွားတယ်၊ အခုလည်း ဒေါ်သာဉာဏ်ကြီးက ဘာမှမသိဘူးဆိုပြီး ‘နည်း’ တောင်းတယ်. . . ၊ အဘက ပုတီး တစ်ကုံးပေးလိုက်တယ်၊ ကျွန်တော်နဲ့အဘက ဘာမှမဖြစ်ဘဲ ဒေါ်သာဉာဏ်ကြီးက ဖြစ်သွားလိမ့်မယ်. . . ” ဟု ပြောကာ ရယ်မောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက-

“မြန်မြန်ဖြစ်သွားရင်လည်း ကောင်းပါတယ်ကွာ. . . ၊ မျက်စိနောက်လွန်းလို့ပါ. . . ” ဟု ပြောလေ၏။ ဒေါ်သာ ဉာဏ်ကြီး ပုတီးစိပ်ပြီးသောအခါ၌ ပေတလူက-

သောသုတ္တံပိ မေ ဘောဂံ၊
ပဉ္စဝေရာ ဘဝေ ဘဝေ။
မာဂမဏှယြုဉ်စ နဿယြေုံ၊
အသောကော ဘောဂဟေတုမေ။

ပေတလူသည် ထိုဂါထာကို နှုတ်တိုက်ချပေးလေ၏။ များမကြာမီ၌ ဒေါ်သာဉာဏ်ကြီးသည် အလွတ်ရသွားလေ တော့၏။ ထိုအခါ ဒေါ်သာဉာဏ်ကြီးက-
“ဟုတ်ပါပြီ ပေတလူရယ်. . . ၊ အဲဒီဂါထာကို အနက် လည်း ပေးပါဦး. . . ” ဟု ဆိုလေ၏။ ထိုအခါ ပေတလူသည် အောက်ပါအတိုင်း အနက်ကို ရွတ်ပြလေ၏။

ဒေါ်သာဉာဏ်ကြီးသည် အနက်ကိုပါ ကျက်မှတ်၍ ဝမ်းသာအားရ ပြန်သွားလေတော့၏။ ကြားထဲတွင် ဒေါ်သာဉာဏ်ကြီးတစ်ခေါက်ပြန်လာ၏။ နေ့တိုင်း ဘုရားတက်၍ ပုတီးစိပ်နေပြီဖြစ်ကြောင်းလည်း ပြော၏။ ဘုရားတက် သောအခါ အပေါ်ဖြူ၊ အောက်ဖြူ ဝတ်လိုသည်ဟု ဆိုသဖြင့် အင်္ကျီအဖြူနှင့် ထဘီအဖြူ နှစ်စုံချုပ်ပေးလိုက် ရလေ၏ ဒေါ်သာဉာဏ်ကြီးအား နံနက်မိုးလင်းသည်နှင့် ရွှေတိဂုံဘုရား သောကြာထောင့်သို့ ရောက်ကာ ပုတီးစိပ် နေပြီဖြစ်၏။ ရွှေတိဂုံ ဘုရားသို့ မှန်မှန်သွားနိုင်ရန်အတွက် ကားခကို တစ်လစာ တစ်လစာ ကျွန်ုပ်က မှန်မှန်ထုတ်၍ ပေးနေရ၏။

ပုတီးစိပ်ရုံ မျှမက သတ်သတ်လွတ်ပါ စား၍ နေသည်ဟု ဆိုသဖြင့် ပဲ ငါးပိဗူးများ၊ သရက်သီးသနပ်ဗူးများ ပါဝယ်၍ လက်ဆောင် ပေးနေရသည်ဖြစ်၏။ လွန်စွာ ဂဏာမငြိမ်သော ဒေါ်သာ ဉာဏ်ကြီးသည် ပေတလူ၏ ကျေးဇူးကြောင့် ပုတီးသမားကြီး ဖြစ်၍ သွားပြီဖြစ်၏။ ထို့ကြောင့် ကိုပီတာကြီးက-

“ပေတလူတို့ကတော့ တော်တယ်ကွာ. . . ၊ ဒေါ်သာဉာဏ် ကြီးလည်း အခြားစကားမပြောပေ။ ပုတီးစကားသာ ပြောနေ တော့၏။ အချိန်ကာလ အတန်ကြာသောအခါ ဒေါ်သာဉာဏ် ကြီးအား လေးစား ကြည်ညိုသော ပရိသတ်ရှိလာလေတော့၏။ ဒေါ်သာဉာဏ်ကြီးထံတွင် ပုတီးစိပ်ပုံစိပ်နည်း မေးမြန်း သင်ယူ ကြလေ၏။ ၎င်း၏ပရိသတ်သည် ၎င်းအား ထောက်ပံ့သဖြင့် ဒေါ်သာဉာဏ်ကြီးသည် အတော်အတန် စိုစိုပြည်ပြည် ဖြစ်နေပြီဖြစ်၏။ ဥပဓိရုပ်မှာလည်း ယခင်ကဲ့သို့ ညစ်ထေးထေး မဟုတ်တော့။

မျက်နှာသည် အလွန်သန့်ရှင်း ကြည်လင်နေပြီဖြစ်၏။ ၎င်း၏ ဘုရားစင်မှာလည်း ဆီမီးများ၊ ပန်းများ ဝေဆာလျက်ရှိ နေတော့၏။ ပေတလူကို ၎င်း၏ဆရာအဖြစ် သတ်မှတ်ကာ ၎င်းပေတလူ၏ ဓာတ်ပုံကို ချိတ်ထားလေ၏။ အောက်၌ လည်း ‘ဆရာလေး ပေတလူ’ ဟု ရေးထားလေ၏။ ဥပုသ်နေ့ တိုင်းလည်း ကိုးပါးသီလယူကာ ဥပုသ်စောင့်လေ၏။ တစ်ပတ် တစ်ခါ ခြံသို့ရောက်လာသောအခါ၌ ကျွန်ုပ်သည် ဒေါ်သာဉာဏ် အတွက် သက်သတ်လွတ်ထမင်းဟင်းများ စီမံ ပေးရ လေ၏။ ထို့ကြောင့် ကျွန်ုပ်က ပေတလူအား-

“မင်းကတော့ အတော်ကုသိုလ်ရမယ်ကွ. . . ၊ ဒေါ်သာဉာဏ် ကြီးကို အခုလိုဖြစ်အောင် လုပ်နိုင်တာ အတော် ကုသိုလ်ရမယ်၊ တစ်ခုတော့ရှိတယ်၊ ကိုပီတာကြီးကို မင်း မလုပ်နိုင်ဘူး. . . ဟု ပြောလျှင် ပေတလူက-

“ဒီလိုအဘရဲ့ . . ၊ ဒေါ်သာဉာဏ်ကြီးက ဘာမှမတတ် ဘူး၊ ခွက်နဲ့ ဥပမာထားပြီးပြောရရင် ဒေါ်သာဉာဏ်ခွက်က ဘာမှမရှိဘူး၊ ဦးပီတာကြီးခွက်က သူ့ဟာနဲ့သူ ပြည့်နေတာ၊ ကျွန်တော်ဘာမှထည့်လို့မရဘူး. . . ” ဟု ပြောကာ တဟဲဟဲ ရယ်လေတော့၏။လွန်စွာနာမငြိမ်သော ဒေါ်သာဉာဏ်ကြီး ဂနာငြိမ်သွားသောအခါ ကျွန်ုပ်သည် လွန်စွာပီတိဖြစ် ရလေ၏။

မနက်ဆိုရင် ဘုရားရောက်နေပြီ၊ အဓိဋ္ဌာန်နဲ့ ဂုဏ်တော် ပုတီးစိပ်တယ်၊ ပြီးတော့ ဆရာလေးပေတလူသင်ပေးထားတဲ့ ဂါထာလေးကိုလည်း ပုတီးစိပ်တယ်၊ အဲဒီတော့ အဒေါ့်မှာ ဘာသောကမှ မရှိတော့ဘူး၊ အဒေါ့်မှာ အတော်အေးချမ်းနေပြီ၊ အဒေါ့်ကို ဝိုင်းဝန်းထောက်ပံ့ကြလို့ မနက်ကို ထမင်းနဲ့စားဖို့ ပဲပြုတ်ဖိုးလည်း မပူရတော့ဘူး၊ ဆရာလေးပေတလူရဲ့ ကျေးဇူး ပါပဲ. . .” ဟု ကျေးဇူးတင်စကား ပြောတတ်လေတော့ သတည်း. . . ။

ရေးသားသူ –မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။